ပရိသတ်ကြီးရေ......ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေပြီး သီချင်းကောင်းတွေကို ပရိသတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်Rဇာနည်ကိုသိကြမယ်ထင်ပါတယ်နော်။ Rဇာနည်ဟာ အခုဆိုရင်လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ၀မ်းနဲ့အတူတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်အပြင် သမီးလေးတစ်ယောက်ပါ ထပ်မံရရှိနေပြီဖြစ်ပါတယ်။
သမီးလေးနာမည်ကိုလည်း Rဇာနည်တို့မိသားစုဟာ မေဘုန်းဇာနည်(ခ) မစ်မစ်တုန်လို့နာမည်ပေးထားတာဖြစ်ပြီး တစ်အိမ်လုံးရဲ့အသည်းကျော်လေးဖြစ်ပါတယ်နော်။ Rဇာနည်ဟာကြည်နူးချမ်းမြေ့စရာမိသားစုဘ၀လေးကို တည်ထောင်ထားနိုင်ဝာာကြောင့် ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ အခုဆိုရင်လည်း မစ်မစ်တုန်လေးဟာ (၈)လပြည့်သွားပြီဖြစ်ပြီးတော့ ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းနေတာပါနော်။
မစ်မစ်တုန်လေးဟာ မျက်နှာချိုချိုလေးနဲ့ချစ်စရာအရမ်းကောင်းတဲ့ကလေးလေးဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်ကို အေးအေးဆေးဆေးလေးနေတတ်လွန်းတာကြောင့် ဖေဖေ Rဇာနည်တစ်ယောက်အချစ်တွေပိုနေရတာပါ။ မကြာသေးမီကလည်း မစ်မစ်တုန်လေးရဲ့ ၈လပြည့်မွေးနေ့လေးကို မောင်နှမသုံးယောက်ပျော်ပျော်
ရွင်ရွှင်နဲ့ဖြတ်သန်းခဲ့ကြပြီး အမှတ်တရပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Phit Phit Chit Chit Mhit Mhit's Facebook page