ချစ်မေမေနာသွားမှာကို အရမ်းစိုးရိမ်တတ်လို့ တယုတယနဲ့ကိုယ်တိုင်ခြေသည်းညှပ်ပေးကာ ပြုစုနေတဲ့သမီးလိမ္မာလေး ချစ်ချစ်ဇော်

//s9.kh1.co/35/353ab5c0fc0a4c3a458d0cfb075fbc9a092e9a22.jpg
အနုပညာရှင်များ

 ၁၄-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ချစ်မေမေနာသွားမှာကို အရမ်းစိုးရိမ်တတ်လို့ တယုတယနဲ့ကိုယ်တိုင်ခြေသည်းညှပ်ပေးကာ ပြုစုနေတဲ့သမီးလိမ္မာလေး ချစ်ချစ်ဇော်

ပရိသတ်ကြီးရေ ချစ်ချစ်ဇော်နဲ့လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်ကတော့ တက်ညီလက်ညီနဲ့စီးပွားရှာကြပြီး အပြန်အလှန်ဖေးမကူညီပေးကြတဲ့မိသားစုလေးပဲဖြစ်ပါတယ်။ချစ်ချစ်ဇော်က အနုပညာအလုပ်တွေမလုပ်ကိုင်တော့ဘဲ မိသားစုရဲ့တာဝန်တွေကိုသာ မလစ်ဟင်းအောင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်ကလည်း အိမ်မှာအငယ်ဆုံးလေးဖြစ်ပေမယ့် အစ်မကြီးနဲ့အတူ "ရွှေခေါက်ဆွဲ"စီးပွားရေးလေးကို ပိုပြီးတွင်ကျယ်လာအောင် ဝိုင်းဝန်းကူညီပေးနေတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account

ဒါရိုက်တာမိုက်တီးကလည်း ချစ်ညီမလေးတွေရဲ့ဂရုစိုက်မှုကြောင့် ကျန်းမာရေးကောင်းမွန်လာပြီး အေး‌အေးချမ်းချမ်းနေထိုင်နေရတာပဲဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းကဆိုရင်လည်း ဒါရိုက်တာမိုက်တီးတို့သားအမိနှစ်ယောက်က မိသားစုဝင်တွေမသိအောင် ဆေးခန်းမှာ တိတ်တိတ်လေးဆေးသွားစစ်ခဲ့ကြပါသေးတယ်‌။နှစ်သစ်မှာကံကောင်းမှုတွေနဲ့ကြုံရလို့ ဒါရိုက်တာမိုက်တီးတို့သားအမိနှစ်ယောက်မှာ ကင်ဆာဆဲလ်တွေထပ်မတွေ့ရပါဘူးနော်။ချစ်ချစ်ဇော်တို့ညီအစ်မနှစ်ယောက်ကလည်း မေမေနဲ့အစ်ကိုကြီးရဲ့ကျန်းမာရေးအတွက် ဝမ်းသာနေကြတာဖြစ်ပါတယ်။ 

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account

ချစ်ချစ်ဇော်က မေမေနဲ့အစ်ကို့ကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင်လည်း ကျွေးမွေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ ချစ်ချစ်ဇော်က နာမှာအရမ်းကြောက်တဲ့မေမေ့ကို မနာအောင်လို့ တယုတယနဲ့ကိုယ်တိုင်ခြေသည်းညှပ်ပေးနေတာဖြစ်ပါတယ်။မိဘအပေါ်မှာ မေတ္တာအပြည့်အဝနဲ့ကူညီပေးနေတဲ့ ချစ်ချစ်ဇော်ရဲ့ပုံရိပ်လေးက ကြည်နူးပီတိဖြစ်စရာကောင်းလွန်းလို့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account

Source&Photo Credit:Chit Chit Zaw's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T