မြန်မာ့ဇာတ်သဘင်လောကကို ယနေ့အချိန်ထိတိုင် ထိန်းသိမ်းစောင့်ရှောက်ရင်း နေရာတစ်ခုအခိုင်အမာရရှိအောင် စွမ်းဆောင်နေကြသူတွေထဲမှာ မင်းသား တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းတို့ နှစ်ယောက်ကလည်း အပါအဝင်ပါ။ ရွှေမန်းတင်မောင်ရဲ့ မြေးဖြစ်ကြသူတွေမို့ အချိုးအဆစ်ကောင်းစွာ ဇာတ်ခုံမြင့်ထက်မှာ ကပြဖျော်ဖြေလေ့ရှိကြတဲ့ သူတို့နှစ်ယောက်က ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာပါ။


မာလာမြိုင်ဇာတ်ပွဲကြီးအတွက် မနားမနေကြိုးစားလုပ်ကိုင်နေကြတဲ့ သူတို့နှစ်ယောက်က သရုပ်ဆောင်လောက က ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေကိုလည်း ခေါ်ယူပြီး ကပြဖျော်ဖြေလေ့ရှိတာကို တွေ့ရပါတယ်။ တင်မောင်ဆန်းမင်းဝင်းရဲ့ သူရဲ့ သားသားလေးကိုလည်း ဇာတ်ခုံမြင့်ထက်တင်ကာ ကပြခိုင်လေ့ရှိတာဖြစ်လို့ ပရိသတ်တွေကလည်း အတော်လေး သဘောကျအချစ်ပိုတာကို တွေ့ရပါတယ်။


သားသားလေး မင်းရွှေရောင်တင်က ဖခင်ရဲ့ ဇာတ်သဘင်သွေးအပြည့်ပါတာဖြစ်ပြီး လူချစ်လူခင်လဲပေါတာပါ။ ယခုမှာဆိုရင် ဦးလေးဖြစ်သူ ဟန်ဇာမိုးဝင်းကို လူအများကြားရေပန်းစားနေတဲ့ လက်သုံးစကားလေးလည်း စနောက်နေတာဖြစ်ပြီး ပျော်စရာရှာဖွေနေတာပါ။ ကြည့်မိသူတွေ ရယ်မော ပျော်ရွှင်သွားစေလောက်တဲ့ အဆိုပါ ဗီဒီယိုလေးကို ပရိသတ်တွေထံပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။


သတင်းအရင်းမြစ်: Source - Han Zar Moe Win's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။