နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းလင်းကိုတော့ ပရိသတ်တွေအားလုံးသိကြမယ်လို့ထင်ပါတယ်။ လင်းလင်းကတော့ မိတ်ကပ်လောကမှာသာမက အနုပညာနယ်ပယ်မှာလည်း အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ ဖြစ်တာကြောင့် ချစ်တဲ့သူတွေကလည်း ပေါများနေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ လင်းလင်းက ကြော်ငြာတွေအပြင် လိုင်းပေါ်ကနေ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ရောင်းပေးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ တစ်နေ့တာ အနုပညာလှုပ်ရှားမှုတွေကို မကြာခဏ ချစ်တဲ့သူတွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာတော့ ပရိသတ်တွေသဘောကျလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာတော့ ဖြိုးမြတ်အောင်က ဂစ်တာတီးပြီး သီချင်းဆိုနေတာကို ဘေးကနေ အတူလိုက်ဆိုနေတာ ရိုက်ထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း လင်းလင်းက " လင်းတို့ကို Shareပေးတာက လက်ခုပ်တီးပေးသလိုပါပဲအားပေးကြပါဦး " ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်တွေလည်း ဖြိုးမြတ်အောင်နဲ့ လင်းလင်းတို့ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ VideoCredit & Source - Lin Linn fb page