သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ အနုပညာလောကမှာ တစ်စထက်တစ်စ အောင်မြင်မှုတွေရရှိလာပြီး နာမည်ကြီးလာတဲ့ ချစ်စရာကောင်းသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း တိကျသေချာလွန်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေသာမကဘဲ Clients များကပါ သူမကို ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။ နေခြည်ဦးကတော့ လတ်တလောမှာ ကြော်ငြာလေးတွေနဲ့ အခြားအနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။



ဒီနေ့မှာတော့ သရုပ်ဆောင် မြင့်မြတ်နဲ့အတူ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးရန် ပြင်ဦးလွင်ကို သွားရောက်နေပြီပဲ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ပထမဦးဆုံးရိုက်ကူးရမှာဖြစ်တဲ့အတွက်လည်း ချီချီတစ်ယောက် စိတ်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကတော့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတစ်ခု ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ သူမရဲ့သိန်းထောင်ကျော်တန်ကားပေါ်မှာကိတ်လေးတွေတင်ပြီး surprise လုပ်ခံလိုက်ရတဲ့အတွက်မျက်ရည်တွေစီးကျလာတဲ့နေခြည်ဦးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူမကလည်း " နောက်နေ့ ဆို ပြင်ဦးလွင်မှာ ကားရိုက်သွားရတော့မှာဆိုတော့
မွေးနေ့လေး မလုပ်ရတော့ဘူးဆိုပြီး ဝမ်းနည်းနေတာ 😞😞😞
ဪ bestfriends for life ပါ 😭😭😭❤️❤️❤️ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ထပ်တူပျော်ရွှင်နိုင်စေရန်အတွက် နေခြည်ဦးရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd- Nay Chi Oo’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။