အခြားဂြိုလ်ကလို ထူးထူးဆန်းဆန်း သတ္တဝါတစ်ကောင်ကို လျှို့ဝှက်မှတ်တမ်းထင်ထားတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/b7/b74587ff23d78c710876cc429d2feb8b510a9c0c.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က တွေ့ရှိခဲ့တဲ့ ဂြိုလ်သားနဲ့တူသော ထူးထူးဆန်းဆန်း သတ္တဝါ တစ်ကောင်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဒီသတ္တဝါကိုတော့ 2012 ခုနှစ် 5 လပိုင်း 27 ရက်နေ့မှာတွေ့ရှိခဲ့တာဖြစ်ပြီး ထူးဆန်းတာကြောင့် လျှို့ဝှက်ထားခဲ့ကြပေမယ့်လည်း မရခဲ့ပါဘူး နောက်ရက်ပိုင်းလောက်အကြာမှာပဲ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။၏

photo credit - TheGuardia
photo credit - TheGuardia

ဗီဒီယိုထဲမှာတွေ့ရတဲ့ သတ္တဝါဟာ အသားတွေက အရေခွံခွာထားသလို ရဲတက်နေပြီး လျှာကလည်း အဆမတန်ရှည်ထွက်နေပါတယ်။ ဒါ့အပြင် မျက်လုံးတွေကလည်း ပြူးထွက်နေပြီး ရေသူထီးလိုလို မိကျောင်းလိုလို အမြှီးကြီးတစ်ခေါင်းလည်း ပါရှိပါတယ်။ သူ့ရဲ့သွားတွေကလည်း ချွန်ထွက်နေပြီး ကြည့်ရတာနဲ့ တခြားဂြိုလ်ပေါ်က ရောက်လာတဲ့ သတ္တဝါတစ်ကောင်လိုပါပဲ။

photo credit - TheGuardia
photo credit - TheGuardia

ဒါပေမယ့် ဒီသတ္တဝါဟာ တကယ့်တော့ ဂြိုလ်သားတစ်ကောင်မဟုတ်ပါဘူး ၊ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ဝမ်းဗိုက်မှာ ကုန်နံပါတ်ဆန်ဆန် 18.12 ဆိုပြီးရေးသားထားတာကို ထင်ထင်ရှားရှားမြင်နေရပါတယ်။ ဒီမှတ်အသားကြောင့်ပဲ ပညာရှင်တွေဟာ ဒါဟာ သိပ္ပံပညာရှင်တွေရဲ့ ဆန်းသပ်ချက်ကြောင့် သန္ဓေပြောင်းသွားရတဲ့ mutant တစ်ကောင်ဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ တကယ်လို့ ဒီအမှတ်အသားသာမပါခဲ့ဘူးဆိုရင် ဒီသတ္တဝါရဲ့ ပုံစံကိုကြည့်ပြီး အခြားဂြိုလ်ကလို့တောင် ထင်ကောင်းထင်သွားနိုင်ပါတယ်။

photo credit - TheGuardia<br>
photo credit - TheGuardia

သတင်း အရင်းအမြစ်TheGuardia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T