မျက်နှာတစ်ခုလုံး ရစရာမရှိအောင်ကို အပေါက်တွေဖောက်ပစ်လိုက်တဲ့ ကောင်လေး

//s9.kh1.co/48/48b78d2b89731fafcf9834beb6ed62f093bc7737.jpg
နိုင်ငံတကာသတင်းများ

 ၀၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီအမျိုးသားရဲ့ နာမည်ကတော့ Joel Miggler ဖြစ်ပြီး သူဟာ အသက်28 နှစ်အရွယ် Germany နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။Joel ဟာငယ်ငယ်ထဲက တက်တူးတွေထိုးရတာကို ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ကြီးလာတဲ့အခါမှာ သူဖြစ်ချင်တဲ့ပုံစံအတိုင်းဖြစ်ဖို့အတွက် ခန္ဓာကိုယ်မှာ အပေါက်တွေများစွာ ဖောက်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

photo from google
photo from google
photo from google
photo from google

Joel ဟာ တစ်ကိုယ်လုံးမှာလည်း တက်တူးတွေများစွာ ထိုးထားတဲ့အပြင် ရင်ဘတ်မှာလည်း အပေါက်တွေများစွာဖောက်ထားသူတစ်ဦးပဲဖြစ်ပါတယ်။ဒါ့အပြင် Joel ဟာ သူ့ရဲ့နှဖူး နှာခေါင်း ပါးစပ်နဲ့ ပါးတွေမှာ အပေါက်တွေဖောက်ထားပြီး အဆိုးဆုံးကတော့ သူ့ရဲ့ပါးစပ်က အပေါက်နှစ်ပေါက်ကနေ အထဲက သွားတွေ လျှာတွေအကုန်လုံးကို မြင်နေရတာပါပဲ။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ၊ Joel ဟာ သူ့ရဲ့လျှာကိုလည်း အလည်ကနေခွဲပြီး နှစ်ခွဖြစ်အောင် လုပ်ထားပါသေးတယ်။

photo from google
photo from google
photo from google
photo from google

သူအသက် ၂၂ နှစ်အရွယ် ၂၀၁၅ ခုနှစ်တုန်းကဆိုရင်လည်း Joel ဟာခန္ဓာကိုယ်မှာ အပေါက်တွေအများဆုံးဖောက်ထားသူအဖြစ် ဂင်းနစ်စံချိန်ပါတင်ထားသူတစ်ဦးပဲဖြစ်ပါတယ်။ ဂင်းနစ်စံချိန်တင်ထားသူကြီး Joel ရဲ့လက်ရှိပုံပန်းသွင်ပြင်ကတော့ ပရိသတ်တွေယခုမြင်တွေ့နေရတဲ့အတိုင်းပါပဲ၊ Joel ကတော့ သူ့ရဲ့အခုလိုပုံစံကို အရမ်းဂုဏ်ယူရပြီး အရမ်းလဲစိတ်တိုင်းကြတယ်လို့ ပြောထားပါတယ်။

သူ့နိုင်ငံ သူ့အနေအထားနဲ့တော့ ဒီလိုပုံစံကအဆင်ပြေပေမယ့် ဒီနိုင်ငံမှာဆိုရင်တော့ အထူးအဆန်းအနေနဲ့ သတ်မှတ်ကြလိမ့်မယ်လို့ထင်ပါတယ်။

photo from google
photo from google
photo credit - Guinnessworldrecords
photo credit - Guinnessworldrecords
photo credit - Guinnessworldrecords
photo credit - Guinnessworldrecords

သတင်း အရင်းအမြစ်Guinnessworldrecords

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T