ကလေးမွေးဖွားမှုကျဆင်းတာကြောင့် အစိုးရကပါ ထောက်ပံကြေးပေးပြီး ကလေးယူခိုင်းနေတဲ့ တောင်ကိုရီးယား

//s9.kh1.co/90/9082f72d2db4e7c15dab3e27fde0f58cee71e308.jpg
နိုင်ငံတကာသတင်းများ

 ၀၅-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တောင်ကိုရီးယားနိုင်ငံကတော့ ကလေးမွေးဖွားမှုနှုန်းထက် သေဆုံးသူဦးရေက မြင့်တက်နေတဲ့ စိုးရိမ်ပူပန်မှုတွေများနေပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကလေးမွေးဖွားမှု နိမ့်ပါးတဲ့ နိုင်ငံတွေထဲကတစ်နိုင်ငံဆိုပေမယ့် ပြီးခဲ့တဲ့ 2020 ခုနှစ်အတွင်းမှာတော့ သူတို့ဟာပိုပြီး စိုးရိမ်စရာအခြေအနေကို ရောက်လာခဲ့ပါတယ်။

photo from google
photo from google

2020 ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်းဟာ 275800 ယောက်ပဲရှိခဲ့ပြီး သေဆုံးမှုနှုန်းကတော့ 307764 ယောက်ထိရှိခဲ့ပါတယ်။ကိုရီးယားက အမျိုးသမီးတွေအနေနဲ့လည်း ကလေးယူဖို့ကို ငွေကြေးအခက်အခဲအပြင် အခြားသောအခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတာကြောင့် ကလေးယူဖို့ဆိုရင် တော်တော်လေး စဉ်းစားရပါတယ်။

photo from google
photo from google

အစိုးရက ကလေးမွေးဖွားတဲ့ မိဘတွေကို ကုန်ကြစရိတ် ဝမ် 2 သန်းထောက်ပံပေးမယ့်အပြင် ကလေးအသက် 1 နှစ်ပြည့်တဲ့အထိ တစ်လကို ဝမ် 3 သိန်းထောက်ပံ့ပေးတယ်ဆိုပေမယ့် ဒါဟာ တောင်ကိုရီးယားအမျိုးသမီးတွေကို ကလေးယူဖို့အတွက် အများကြီးမဆွဲဆောင်နိုင်ပါဘူး။ကလေးယူမယ်ဆိုရင် ကလေးတစ်ယောက်ကို ကြီးပြင်းတဲ့အထိ ပြုစုပြိုးထောင်ဖို့အတွက် ငွေးကြေးတွေက ဒီထက့်အများကြီးလိုအပ်မှာဖြစ်သလို အိမ်ထောင်ရှင်အမျိုးသမီးတွေထက် သင့်တော်မျှတတဲ့ အလုပ်တွေလည်း ရှားပါးနေသေးတာကြောင့် ဖြစ်ပါတယ်။

photo from google
photo from google

သတင်း အရင်းအမြစ်Scmp and bbc

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T