ရှားစောင်းလက်ပပ်သည် အိမ်ရှင်မများနှင့် အမျိုးသမီးများအတွက် အလှအပရေးရာ ကိုသာမက ကျန်းမာရေးကိုပါ များစွာ အထောက်အကူ ပြုပေသည်။ ရှားစောင်းလက်ပပ်တွင် လူ့အကျိုးပြု အောက်ဆီဂျင်ဓာတ်များပါဝင်ပြီး အရေပြားဆဲလ်များကို ပြုပြင်သန်မာစေသဖြင့် အရေပြား ကျန်းမာရေးကို အထူး အထောက်အကူပေးပါသည်။

မီးလောင်နာ၊ အရေကြည်ဖု၊ နေလောင်ဒဏ်ကြောင့် ပျက်စီးသော အရေပြားထိခိုက်မှုများကို ရှားစောင်းလက်ပပ် အနှစ် အုံပေးခြင်းဖြင့် လျင်မြန်စွာ ပျောက်ကင်းသက်သာစေပါသည်။ အနာစိမ်း၊ နူနာ၊ ပွေး၊ ဝဲ၊ ယားနာ အမျိုးမျိုးကိုလည်း မှန်မှန်လိမ်းပေးခြင်းဖြင့် သက်သာစေပါသည်။

ခေါင်းမလျှော်မီ တစ်နာရီအလိုတွင် ရှားစောင်းလက်ပပ်ဖြင့် ဆံပင်ကို လိမ်းကျံခြင်းဖြင့် တစ်လအတွင်း ဆံသားကို နက်မှောင်သန်စွမ်းစေပါသည်။ အမျိုးသမီး အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ရှားစောင်းလက်ပပ်သည် အဓိက ပါဝင်လေ့ရှိပါသည်။

ရှားစောင်းလက်ပပ်ကို မျက်နှာပေါ်တွင် မကြာခဏ လိမ်းပေးခြင်းဖြင့် ဝက်ခြံ၊ တင်းတိပ်များကို ပျောက်ကင်းကာ အသားအရေ နုပျိုတင်းရင်းပြီး အရွယ်မတိုင်မီ အိုမင်းခြင်းမှ ကာကွယ်ပေးပါသည်။

ရှားစောင်းလက်ပပ်အနှစ်ကို မျက်နှာပေါ်လိမ်းကျံပြီးမှ မျက်နှာသစ်ခြင်းသည် အလှကုန်များ အသုံးပြုခြင်းထက် ၇၀ ရာခိုင်နှုန်း ပို၍ အစွမ်းထက်ပြီး ထိရောက်မှု ရှိပါသည်။

ရှားစောင်းလက်ပပ်ကို မီးရှို့၍ ရလာသောပြာကို ဆားအနည်းငယ်ခပ်၍ စားလျှင် အမျိုးသမီးများ၏ မီးယပ်ရောဂါများကို ပျောက်ကင်းစေပြီး မီးယပ်သွေး စင်ကြယ်စေပါသည်။ ရာသီထိမ်နေပါက ရှားစောင်းလက်ပပ်ကို ထန်းလျက် (သဘာဝ အညိုရောင်) ဖြင့် ယိုထိုး၍ လက်ဖက်ရည်ဇွန်းဖြင့် တစ်နေ့သုံးကြိမ် စားသုံးပါက ပုံမှန်ပြန်ဖြစ်စေပြီး သွေးပုပ်များ ဆင်းစေပါသည်။

အတွင်းသားအနှစ်ကို ဗိုက်သို့ ကပ်၍ အုံပေးပါက သွေးလုံး၊ လေလုံးများ အပြင်သို့ ထုတ်ပေးနိုင်ပါသည်။ မျက်စိကို အုံပေးလျှင် မျက်စိနာခြင်း၊ ကိုက်ခြင်း၊ မျက်လုံး ပူစပ်ခြင်းများ ပျောက်ကင်းသက်သာ စေပါသည်။ နားကိုက်၊ နားနာ များအတွက်လည်း ရှားစောင်းလက်ပပ်အနှစ်ကို အရည်ညှစ်ပြီး နားသို့ ခပ်ပေးနိုင်ပါသည်။ 


အမျိုးသားများ အဖြစ်များလေ့ရှိသော ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးခြင်းနှင့် ဆီးကျောက်တည်ခြင်း စသော ဆီးရောဂါများအတွက် ဆန်ဆေးရေတွင် ရှားစောင်းလက်ပပ်စိမ်ပြီး သကြားခပ်၍ သောက်ပေးပါ။ သိသာထင်ရှားစွာ သက်သာပါလိမ့်မည်။

ထို့အပြင် ရှားစောင်းလက်ပပ်သည် နှလုံး၊ အဆုတ်၊ အသည်းနှင့်ဆိုင်သော ရောဂါများအတွက် အတွင်းသားအနှစ်ကို အစိမ်းလိုက်ဝါးစားခြင်းဖြင့် ရောဂါများကို သက်သာစေပြီး ပြန်လည် ကောင်းမွန်စေပါသည်။ 

ယနေ့ခေတ်တွင် ရှားစောင်းလက်ပပ်ကို ယို၊ အချိုရည်၊ အလှကုန်ပစ္စည်း၊ အသားအရေ ထိန်းသိမ်းသော အလှကုန်၊ သွားတိုက်ဆေး၊ ဆပ်ပြာနှင့် ဆေးဝါးများ အတွက်ပါ တွင်ကျယ်စွာ အသုံးပြုလာကြပါသည်။ အိမ် အများစုတွင်လည်း ရှားစောင်းလက်ပပ်ပင်ကို အိမ်တွင်းဆေးဝါးအဖြစ် ပန်းအိုးများဖြင့် စိုက်ပျိုးလာကြပါသည်။

ထို့ကြောင့် ရှားစောင်းလက်ပပ်သည် ကျန်းမာရေးအတွက် အထောက်အကူများစွာ ပေးကြောင်း ဖော်ပြလိုက်ပါသည်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။