အမေဖြစ်သူရဲ့ နာမည်ကတော့ Georgina Clarke ဖြစ်ပြီး သမီးဖြစ်သူရဲ့နာမည်ကတော့ Kayla Morris ပဲဖြစ်ပါတယ်။ အမေဖြစ်သူ Georgina ဟာ သူမရဲ့သမီးဖြစ်သူ kayla နဲ့အတူ ဘာဘီနဲ့တူအောင်ခွဲစိတ်ဖို့အတွက် သမီးလေး အသက် 11 နှစ်လောက်ထဲက ရည်ရွယ်ခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့်ကြားထဲမှာ ငွေကြေးအခက်အခဲတွေရှိတာရော သမီးလေး အရမ်းငယ်သေးတဲ့အတွက် အရွယ်ရောက်လာမှ သားအမိနှစ်ယောက် အတူခွဲစိတ်ခဲ့တာပဲဖြစ်ပါတယ်။


အမေဖြစ်သူဟာ ဘာဘီနဲ့တူဖို့အတွက် နှုတ်ခမ်းဆေးထိုး၊ ပါးရိုးဖြည့်တာတွေနဲ့ botox တွေထိုးခဲ့ရပြီး သမီးကတော့ Katie Price နဲ့တူချင်လို့ ရင်သားကြီးအောင်ခွဲစိတ်ပြီး၊ နှုတ်ခမ်းထူအောင် ဆေးထိုးခဲ့ပါတယ်။
သူတို့သားအမိနှစ်ယောက်ရဲ့ ခွဲစိတ်ခ ကုန်ကျစရိတ်ဟာ ပေါင်ခြောက်သောင်းကျော်လောက်ရှိတာကြောင့် သူတို့သားအမိဟာ ခွဲစိတ်ဖို့အတွက် လိုအပ်နေသေးတဲ့ ပိုက်ဆံအတွက် အဖော်အချွတ်ကတဲ့အလုပ်ကို ဝင်လုပ်ခဲ့တယ်လို့သိရပါတယ်။သူတို့သားအမိနှစ်ယောက်ကို လူသိလာတာကတော့ “OMG! My Mum’s hotter than me” အစီအစဉ်ကြောင့်ဖြစ်ပြီး ဒီပုံစံကိုတောင် မကျေနပ်သေးပဲ ထပ်ခွဲစိတ်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

အမေဖြစ်သူ Georgina ဟာဆိုရင်လည်း သူဒီလို ခွဲစိတ်ဖို့ ပိုက်ဆံရှာပေးတဲ့ သမီးရှိတာလည်း ဂုဏ်ယူပါတယ်လို့ ပြောကြားခဲ့သလို သမီးဖြစ်သူ Kayla ဟာဆိုရင်လည်း အခုသူမရဲ့ အရွယ်အစားက C cup ဆိုတာ့ G cup ထိရောက်အောင် ခွဲစိတ်သွားဖို့ရှိတယ်လို့သိရပါတယ်။Kayla ဟာ သူမနဲ့ အမေဖြစ်သူတို့ ခွဲစိတ်ဖို့အတွက် ပိုက်ဆံရရှိအောင် အသက် 17 နှစ်အရွယ်ထဲက ကျောင်းထွက်ပြီး အဖော်အချွတ်ကကာ ပိုက်ဆံရှာခဲ့တာဖြစ်ပြီး အလုပ်မှာလည်း စံပြမိန်းကတစ်ယောက်ပဲ ဖြစ်ပါတယ်။Kayla နဲ့ သူမရဲ့မိခင် Georgina တို့သားအမိနှစ်ယောက်ကတော့ သူတို့လုပ်ချင်တာကို လုပ်ခွင့်ရတဲ့အတွက် လက်ရှိမှာ ပျော်ရွှင်နေကြတယ်လို့ သိရပါတယ်။




သတင်းအရင်းမြစ်: The Sun
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။