မိုးကလဲအေး၊ ရေကလဲအေးနေတော့ ရေနွေးတည်ရမှာပျင်းတာရယ်၊ အေးလို့ရေမချိုးချင်ဘူးဆိုသူတွေရယ်..ဒီအချက်လေးတွေကို ဖတ်ကြည့်ပြီး အသုံးချနိုင်တယ်နော်။

၁-ညတည်းက Deodorantလိမ်းအိပ်ပါ။

တကယ်လို့ သင်က မနက်စောစော ထဖို့လည်းမသေချာ၊သွားစရာ လာစရာရှိနေပြီဆိုရင်တော့ ဒီနည်းကို သုံးထားတာ ပိုကောင်းပါလိမ့်မယ်။မနက်ထတဲ

၂- ခြေဖဝါးကို ဆပ်ပြာနဲ့ ဆေးပါ။

ခြေဖဝါးဆိုတဲ့နေရာဟာ တစ်နေ့လုံးမှာ ဘက်တီးရီးယားတွေ အလွန်တရာ ကပ်ငြိနေတဲ့နေရာပါ။ဒါကြောင့် သင့်အနေနဲ့ ရေချိုးခန်းဝင်တဲ့အချိန်တိုင်း ခြေထောက်ဆေးပေးဖို့ လိုအပ်ပါတယ်။ဒါ့အပြင် ခြေထောက်မှာ ရှိနေတဲ့ ခြေဆီတွေ၊ဖုန်တွေက အနံ့ဆိုးတွေ ထွက်တတ်တဲ့အတွက် သင့်အနေနဲ့ ရေချိုးဖို့ အလျင်မမှီရင်တောင် ခြေထောက်နဲ့ ခြေဖဝါးကို ဆပ်ပြာနဲ့ သန့်စင်ပေးပါ။

၃-တင်းကြပ်လွန်းတဲ့ အဝတ်အစားတွေကို ရှောင်ပါ။

ဒီလို ရေချိုးမထားတဲ့နေ့တွေ့မှာ တင်းကြပ်လွန်းတဲ့အဝတ်အစားတွေကို တတ်နိုင်သမျှငြင်းပါ။အဝတ်အစားတွေ တင်းကြပ်တဲ့အခါ စိတ်မသက်မသာ ဖြစ်တဲ့အပြင် ချွေးပိုထွက်တတ်တဲ့အတွက် အနံ့ဆိုးတွေဖြစ်ပေါ်စေတတ်ပါတယ်။သင့်အနေနဲ့ ချည်သားတွေ၊ပိုပြီး သက်တောင့်သက်သာဖြစ်တဲ့ အဝတ်အစား ပွပွလေးတွေကိုသာ အသုံးချသင့်ပါတယ်။

၄-Dry Shampooဆောင်ပါ။

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။သင့်အနေနဲ့ ညစ်ပတ်ပြီး အဆီပြန်ပွရှုပ်နေတဲ့ ဆံပင်နဲ့ အပြင်ထွက်ချင်မှာမဟုတ်သလို ပုံပန်းမကျတဲ့ဆံပင်ကလည်း သင့်ကို လှအောင် ကူညီနိုင်မှာမဟုတ်ပါဘူး။ဒီလိုအချိန်မျိုးမှာ မြန်မြန်ဆန်ဆန်ခေါင်းလျှော်လို့ အဆင်မပြေရင် Dry Shampoo ကိုသာ ပြေးမြင်လိုက်ပါ။Dry Shampooကို ဦးရေပြားရဲ့ဆယ်လက်မလောက်အကွာကနေ ဖြန်းပြီး ဆံပင်အရင်းတွေကို ဖွဖွလေး နှိပ်နယ်ပေးလိုက်ရင် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်ကို သင်ရရှိပါပြီ။

၅-ရေမွှေးသုံးပါ။

လူတိုင်းက ရေမွှေးကို များသောအားဖြင့် လက်ကောက်ဝတ်မှာ ဆွတ်လေ့ရှိပါတယ်။ဒါပေမယ့် သင်ရေချိုးမထားတဲ့နေ့မှာ ဒီနည်းက ကြာကြာမခံနိုင်ပါဘူး။အဲဒီအစား လက်ကောက်ဝတ်ရယ်၊လည်ပင်းနဲ့ ပခုံးတွေကို တစ်ချက်စီ ဖြန်းပါ။ဘာကြောင့်လဲဆိုတော့ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် အဆိုပါနေရာတွေမှာ ရှိတဲ့ အနွေးဓာတ်က သင့်ရေမွှေးနံ့ကို ပိုကြာရှည်ခံစေတဲ့အတွက် ဖြစ်ပါတယ်။

၆- ဖိနပ်တွေကို သန့်ရှင်းအောင်ထားပါ။

စီးနေကျ ဖိနပ်တွေ၊ ရှုးတွေကလည်း ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပြီး အနံ့ဆိုးတွေ ထွက်တတ်လို့ သင့်အနေနဲ့ ဖိနပ်တွေကို သုတ်ဖို့ အချိန်မရရင်တောင် ခြေဖဝါးပေါ်နဲ့ ဖိနပ်ပေါ်ကို Baby Powder အနည်းငယ်ဖြူးပြီး ခြေထောက်ခြောက်အောင်၊ဘက်တီးရီးယားပေါက်ဖွားမှုနည်းအောင် လုပ်ဆောင်နိုင်ပါတယ်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။