Lockdown ကာလမှာ ချစ်သူကောင်လေးရဲ့ ရိက်နှက်ညှဉ်းပန်း နှိပ်စက်မှုတွေကိုခံခဲ့ရတဲ့ ကောင်မလေး

//s9.kh1.co/4f/4fa89dce0dfafd165700a502554ca2511e923d5c.jpg
နိုင်ငံတကာသတင်းများ

 ၂၈-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.


တစ်ယောက်နဲ့တစ်ယောက် သမီးရည်းစားမဖြစ်ခင်တုန်းကတော့ ချစ်လှပါပြီ ၊ ကြိုက်လှပါပြီဆိုပြီး အဖြေပေးပီးကာမှ ပြောင်းလဲသွားသူတွေ အများကြီးပါပဲ။အဖြေမရခင်နဲ့ ရည်းစားဖြစ်ကာစမှာတော့ ဖူးဖူးမှုတ်ထားကြပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ ချစ်သူကောင်မလေးအပေါ် နှိပ်စက်ကြတဲ့ ယောကျာ်းလေးတွေလည်း အများကြီးပါပဲ။အဲ့ဒီလိုပဲ Seren လို့ခေါ်တဲ့ အမျိုးသမီးလေးတစ်ဦးဟာလည်း lockdown ကာလမှာ သူမရဲ့ချစ်သူကောင်လေးဖြစ်သူ Paul Richards Keegan ရဲ့ ဆိုးဆိုးရွားရွားနှိပ်စက်မှုတွေကို ခံစားခဲ့ရပါတယ်။

photo credit - Metro
photo credit - Metro

Paul ဟာ Seren ရိုက်နှက်တာတွေ ၊ တံတွေးနဲ့ထွေးတာတွေ ၊ ဆံပင်ဆွဲပြီး ပါးရိုက်တာတွေလုပ်ခဲ့ပြီး အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ နှိပ်စက်ခဲ့တာပဲ ဖြစ်ပါတယ်။Paul ရဲ့နှိပ်စက်မှုကြောင့် Seren ရဲ့ ပါးစပ်တစ်ခုလုံးမှာလည်း သွေးတွေနဲ့ ပြည့်နေခဲ့ရသလို ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ရစရာမရှိလောက်အောင်ကို ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့ပါတယ်။Seren အနေနဲ့လည်း Paul ရဲ့နှိပ်စက်မှုကြောင့် ဆေးရုံပါတက်ခဲ့ရပြီး နောက်ဆုံးမခံနိုင်တဲ့အဆုံးမှာမှ သူမနှိပ်စက်ခံရမှုတွေကို ထုတ်ပြောခဲ့တာပဲဖြစ်ပါတယ်။

photo credit - Metro
photo credit - Metro
photo credit - Metro
photo credit - Metro

အဲ့ဒီနောက်မှာတော့ Paul ကိုရဲတပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးအရေးယူခဲ့ပြီး ထောင်ဒဏ် လေးနှစ်ချမှတ်ခဲ့ပြီး အပြစ်ပေးခဲ့ပါတယ်။ဘာတွေပဲဖြစ်ဖြစ် ချစ်သူကောင်လေးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရတဲ့ Seren ရဲ့ ဘဝမှာတော့ ဒီအဖြစ်အပျက်ကြီးက အိမ်မက်ဆိုးကြီးတစ်ခုလို ဖြစ်နေတော့မှာပါပဲ။ ကိုယ်ချစ်လို့ လက်တွဲထားတဲ့ ချစ်သူကိုတော့ အခုလို နှိပ်စက်တာမျိုးကြီးက မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုလို့ ထင်ပါတယ်။

photo credit - Metro
photo credit - Metro
photo credit - Metro<br>
photo credit - Metro

သတင်း အရင်းအမြစ်Metro

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T