ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် များစွာ အကျိုးရှိပါသည်။ အချို့ဆိုလျှင် ကြက်သွန်နီထက် ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသည်ဟုတောင် ဆိုကြပါသေးသည်။

ကြက်သွန်ဖြူသည် သွေးကို သန့်စေသည်။ ပိုးမွှားများကို သေစေသည်။ အဖျားပိုးကိုလဲ လွယ်ကူစွာကျစေသည်။ ချွေးစေးများ ထွက်ခြင်းကို အားပေးသည်။ ဆီးနှင့် ဝမ်းကို ရွှင်စေသည်။ ကာမ အားကောင်းစေရန် အထောက်အပံ့ပေးသည်။ မျက်စိကိုလည်း လွန်စွာ အကျိုးပြုသည်။

ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ပျေုာက်ကင်းသက်သာသည်ဟု သိထားရပါသည်။ နာတာရှည် ချောင်းဆိုရောဂါများအတွက်လည်း ကြက်သွန်ဖြူကို အရည်ပြုတ်၍ သောက်သုံးပါ။ သိသာထင်ရှားစွာ ရောဂါသက်သာပါလိမ့်မည်။

လေနှင့် ပတ်သက်သော ရောဂါများအတွက် ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါ။ လေရောဂါ၊ နာတာရှည်ရောဂါမှ ပျောက်ကင်းပါလိမ့်မည်။

ကလေးလေဆန်နာရောဂါများကိုလည်း ကြက်သွန်ဖြူတစ်လုံးကို မီးဖုတ်၍ ကျွေးပါ။ သက်သာ ပျောက်ကင်းပါလိမ့်မည်။

ကြက်ညှာချောင်းဆိုးပါက ကြက်သွန်ဖြူကို ထုထောင်း၍ နှမ်းဆီနှင့် ကျေအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖဝါးကို ၄င်းအတိုင်း ကြက်သွန်ဖြူထောင်း၍ နှမ်းဆီနှင့်နယ်ပြီး ပတ်တီးစည်းထားပြီး နံနက်မိုးလင်းရင် ခွာပါ။ သို့မဟုတ် ကြက်သွန်ဖြူကို အရည်နှစ်ပြီး ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တိုက်ပေးပါ။

လည်ပင်းကြီးရောဂါသည်အနေဖြင့် ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တိုက်ကျွေးပါ။ တစ်နေ့ သုံးကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင် လိမ်းပေးပါ။ သက်သာ ပျောက်ကင်းပါလိမ့်မည်။

ခေါင်းကိုက်ဝေဒနာများအတွက် ကြက်သွန်ဖြူကို ဆားနှင့်ရောပြီး သောက်ပါ။ ကြက်သွန်ဖြူကို ကြိတ်ပြီး နားထင်တွင် လိမ်းပေးပါ။

ကလေးများ ချောင်းဆိုးရောဂါဖြစ်သောအခါ ကြက်သွန်ဖြူကို အပ်နှင့်ထိုး၍ ပြာကျအောင်မီးဖုတ်ပြီး ပြာကို အမှုန့်ပြုလုပ်၍ ကလေးများကို တိုက်ကျွေးပါ။ သက်သာပျောက်ကင်းပါလိမ့်မည်။

ပွေး၊ ဝဲ၊ ယားနာများအတွက် ကြက်သွန်ဖြူတစ်လုံးကို ဖင်မှလှီးပြီး ထွက်လာသောအစေးကို အနာအား မကြာခဏ ပွတ်ပေးပါ။ လျှင်မြန်စွာ ပျောက်ကင်းပါလိမ့်မည်။

အဆုတ်ရောဂါ ဝေဒနာများအတွက် ကြက်သွန်ဖြူတစ်လုံး တစ်နေ့တစ်ကြိမ် အရည်ညှစ်တိုက်ပါ။ စားပါ။ ကြက်သွန်ဖြူကို ကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘတ်ကို လိမ်းပေးပြီး အဝတ်နှင့် ရင်ဘတ်ကို ပတ်ထားပါ။

အကြောအခြင်ကိုက်ခဲပါက ကြက်သွန်ဖြူကို အရည်ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း သက်သာစေ ပါသည်။

နားပြည်ယိုခြင်းကို နှမ်းဆီ ငါးကျပ်သား၊ ကြက်သွန်ဖြူ အနည်းငယ်၊ လေးညှင်းနှစ်ပွင့်ခန့် တို့အား ထည့်ပြုတ်၍ နားအတွင် ပူနွေးနွေးလေး ထည့်ပေးပါ။ နားပြည်ယို၊ နားကိုက်၊ နားထိုင်း ပျောက်ကင်းစေပါသည်။

ရာသြီံမုံ၍ အခက်တွေ့နေပါက ကြက်သွန်ဖြူ၊ စမုံနက်၊ ဆား၊ မန်ကျည်းသီးမှည့်၊ ထန်းလျက်ငါးကျပ်သား၊ မိဿလင် သုံးကျပ်သားတို့အား ပေါင်းစပ်၍ ကြိတ်ပါ။ ဆီးသီးသုံးလုံးခန့် တစ်နေ့ သုံးကြိမ်ခန့် စားပါ။

ကြက်သွန်ဖြူကို အကျိုးရှိစွာ စားသုံးပါက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး အကျိုးပြုကြောင်း ဖော်ပြလိုက်ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။