ရေချိုးခြင်းသည် အညစ်အကြေးများကို စင်ကြယ်စေသည်။ အသက်ကို ရှည်စေသည်။ ပင်ပန်းခြင်းများကို သက်သာစေသည်။ အားကို ဖြစ်စေသည်။ လန်းဆန်းစေသည်။

ခေါင်းလျှော်၍ ရေချိုးခြင်းသည် ရေငတ်ခြင်း၊ အာခြောက်ခြင်း၊ ရေငတ်ခြင်းတို့ကို သက်သာစေသည်။ ပူအိုက်ခြင်း၊ ယားနာ၊ ဝက်ခြံ၊ ယားနာ၊ သည်းခြေကြောင့် ဖြစ်သော ဦးခေါင်းနာတို့ကို သက်သာ ပျောက်ကင်းစေပါသည်။ သွေးနာ၊ သည်းခြေနာရှိသောသူသည် ရေအေးကိုသာ ချိုးရပါမည်။ ရေနွေးနှင့်ချိုးလျှင် မသင့်တော်ပါ။ သို့သော် လေ၊ သလိပ်နာရှိသောသူသည် စဉ်းငယ်နွေးသော ရေနွေးဖြင့့်သာ ရေချိုးသင့်ပါသည်။

ရေနွေးဖြင့် ခေါင်းလျှော်ခြင်းသည် ပင်ပန်းမှုကို လွယ်ကူစွာ ပျောက်စေနိုင်သော်လည်း ဆံပင်နှင့် မျက်စိ အတွက် အနည်းငယ်မျှ မသင့်တော်ပါ။ ဆောင်းတွင်းနှင့် ယခုလို အေးသော မိုးရာသီတို့တွင် အများစုက ရေအေး မချိုးနိုင်ပါ။ ရေနွေးနှင့် စပ်၍ ချိုးလေ့ရှိကြပါသည်။ တစ်ခါတစ်ရံ ရေနွေးများသွားလျှင် ခန္ဓာကိုယ်ထဲမှ အပူမထွက်သည့်အပြင် တစ်နေကုန်ညောင်းညာပြီး နေမကောင်းဖြစ်တတ်သည်။ မျက်စိလည်း ကြည့်မကောင်းဘဲ မျက်လုံးမှာ အခိုးရိုက်နေတတ်သည်။ ထို့ကြောင့်ရေနွေးကို လျှော့ပြီး ရေအေးကို ပို၍ ချိုးသင့်ပါသည်။ ရေနွေးများလျှင် ဆံပင်ခြောက်ခြင်း၊ ကြမ်းခြင်း၊ ငယ်ထိပ်မှ ဆံပင်များကျွတ်ခြင်းကို ခံစားနိုင်ရသောကြောင့် တတ်နိုင်သမျှ ရေနွေးကို ရှောင်သင့်ပါသည်။

ရေအေးကို ရေနွေးအသုံးပြုချင်သူများ အနေဖြင့်လည်း နည်လမ်းကောင်းတစ်ခု ရှိပါသည်။

- ရေနွေးနှင့် ရေအေးကို စပ်၍ ရေ အရင်ချိုးပါ။

- ဆပ်ပြာတိုက်၊ ကြေးတွန်းပါ။ ခေါင်းလျှော်မည်ဆိုလျှင် လျှော်ပါ။

- ထို့နောက်် ရေနွေးချိုးခြင်းကို ရပ်ပြီး ရေအေးကို ဒူးအောက်ပိုင်း သုံး၊ လေးခွက်ခန့် လောင်းချပါ။

- တဖြည်းဖြည်း အပေါ်သို့ တက်လောင်းပြီးမှ ရေအေးကို ခေါင်းမှ လောင်းချပါ။

- ရှိန်းရှိန်းလေးဖြစ်ပြီး အပူငွေ့များ ထွက်သွားပါလိမ့်မည်။

- ရေအေးကြောင့် အခိုးအငွေ့များထွက်သွားပြီး မချမ်းတော့ဘဲ တစ်ကိုယ်လုံးပူနွေးလာသည်ကို သင် ခံစားရမှာပါ။

ထို့ကြောင့် မိုးတွင်း၊ ဆောင်းတွင်းရေချိုးသောအခါ လူငယ်၊ လူကြီးများ ရေနွေးစပ်ပြီး ရေချိုးနိုင်ပါသည်။ သို့သော ရေနွေးစပ် ရေချိုးပြီး အပူမငုပ်စေရန် နှင့် ငုပ်နေသော အပူများ ပြန်ထွက်စေရန်အတွက် ဒူးအောက်မှ အထက်သို့ တဖြည်းဖြည်း ရေအေးဖြင့်လောင်းပြီး အဆုံးသတ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရေအေးရော ရေနွေး၏ အကျိုးကျေးဇူးများကိုပါ ခံစားရမည်ဖြစ်ပြီး ကျန်းမာရေးနှင့်လည်း ညီညွှတ်စေနိုင်ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။