အမျိုးသမီး အများစုက အသက် (၅၀)နှစ် ဝန်းကျင်မှာ သွေးဆုံးကိုင် ဝေဒနာကို ခံစားရပါသည်။ အချို့ အမျိုးသမီးတွေဆို အသက် (၄၀)နှစ် ဝန်းကျင်မှာပင် ဒီဝေဒနာကို ခံစားကြရပါသည်။ မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကို ကြည့်ရှုခြင်းဖြင့်လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ ရနိုင်ပါသည်။

သွေးဆုံးကိုင် ဝေဒနာ ခံစားရပြီဆိုရင် အောက်ပါ အိမ်တွင်းကုထုံး နည်းလမ်းများဖြင့် လွယ်ကူစွာ သက်သာ ပျောက်ကင်းစေပါသည်။

(၁) ကရမက် သနပ်ခါးတုံးကို မိန်းမကိုယ် ဆီးစပ်နားကို ခဏ ခဏ လိမ်ပေးပါ။ သွေးပြီးလည်း သောက်သုံးနိုင်ပါသည်။

(၂) မိုးရာသီတွင် ရှိတတ်သော ဂုံးမင်းပင်ကို ဟင်းခါးချက်ပြီး သောက်ပါ။

(၃) စွယ်တော်ပင် (ခရမ်းရောင်ပွင့်) ၏ အရွက်ညွှန့်ကို ဟင်းချိုချက်သောက်ပါ။ (သို့မဟုတ်) အရွက်ပြုတ်ရည် သောက်ပါ။

(၄) အနက်ရောင် စပျစ်သီးအမှည့်ကို အခွံရော၊ အစေ့ပါ စားပါ။

(၅) ဆီးဖြူသီးစားပါ။

(၆) ထန်းရည်ချိုစစ်စစ်ကို တခါတည်း တဝကြီး သောက်ပေးပါ။

(၇) ကြိတ်မှန်ရွက်စားပါ။ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။

(၈) အဝါရောင် ကန်စွန်းဥကို မကြာခဏ များများ ပြုတ်စားပါ။

(၉) သဘောင်္သီးမှည့်ကို နေ့စဉ်စားပေးပါ။

(၁၀) တရုတ်စကားပွင့်ကို ကြော်/ ချက်၍ စားပါ။

(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်ပါ။

(၁၂) ၀ါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။

(၁၃) ကင်ပွန်းချဉ်ရွက်ကို မကြာခဏ ချက်စားပါ။

(၁၄) ကြက်သွန်ဖြူ များများစားပေးပါ။

(၁၅) ရဲယိုသီးမှည့်ကို ထန်းလျက်ခဲ (သဘာဝ အညိုရောင်) ဖြင့် တွဲဖက် စားပါ။

(၁၆) အဆီများတဲ့ အသား၊ ချွတ်ထားသော အဖြူရောင် သကြား၊ ဆီကြော်မုန့်များ၊ ကော်ဖီခါးခါး၊ ကိုလာအချိုရည်၊ ငရုတ်သီး အပူအစပ်များ၊ ပူလောင်လွန်းသော ဟင်းရည်များ၊ အစားအသောက်များ စသည်တို့ကို လွန်ကဲစွာ စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

(၁၇) အဆီများတဲ့ငါး၊ ငါးကြီးဆီ စားပါ။ စိမ်းပြာရေညှိ (သို့မဟုတ်) Silica စီလီကာ ဆေးတို့ကို ဖြည့်စွက်စာအဖြစ် မှီဝဲ သောက်သုံးပါ။

(၁၈) ဘာလီမြက်နုထဲမှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေလည်း များစွာ အကျိုးပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချိုရည်တို့ကို City Mart ဆိုင်တွေနှင့် ဆိုင် အချို့မှာ ဝယ်ယူရရှိနိုင်ပါတယ်။

(၁၉) နေ့စဉ်မှန်မှန်လမ်းလျှောက်ပါ။ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ပါ။

(၂၀) တစ်ကိုယ်ရည် သန့်ရှင်းမှု ဂရုစိုက်ပါ။ အချိန်လွန်မှ ရေချိုးခြင်းကို ရှောင်ကြဉ်ပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။