OG ကို Grand Final မှာ နှစ်ကြိမ်ဆက်တိုက် 3:2 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ယူခဲ့တဲ့ Virtus.pro

//s9.kh1.co/95/959a9a24eb3c8d3793b0d9ef11c7e35fa15603cf.jpg
အားကစားသတင်းများ

 ၁၄-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Virtus.pro twitter
Virtus.pro twitter

EPIC League Division 1 ရဲ့ Grand Final ပွဲစဉ်ကိုတော့ မနေ့က မြန်မာစံတော်ချိန် ည 11း30 မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

Grand Finals ပွဲစဉ်မှာတော့ Virtus.pro အသင်းနဲ့ OG အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရပြီး Virtus.pro အသင်းဟာ 3:2 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပြီး Champion ဆုကြီးကိုရယူနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်ဟာ bo 5 ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး နောက်ဆုံး game 5 မှာ OG တို့အကောင်းဆုံး တောင့်ခံကစားထားနိုင်ခဲ့ပေမယ့်လည်း Virtus.pro ရဲ့ teamwork ကိုယှဉ်မရတဲ့အဆုံးမှာ အရှုံးပေးခဲ့ရပြီး ဒုတိယနဲ့သာကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ်။

Champion ဖြစ်ခဲ့တဲ့ Virtus.pro ကတော့ ဆုကြေးငွေအနေနဲ့ $200,000 USD ရရှိခဲ့ပြီး ဒုတိယရရှိခဲ့တဲ့ OG ကတော့ ဆုကြေးငွေ $100,000 USD ရရှိခဲ့ပါတယ်။

Virtus.pro နဲ့ OG တို့ဟာ ဒီနှစ်ထဲ EPIC League နဲ့ ESL One Los Angeles 2020 တို့ရဲ့ grand Final မှာ နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ပြီး Virtus.pro ကပဲ နှစ်ကြိမ်လုံး 3:2 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရှရှိခဲ့ပါတယ်။

Ti မရောက်ခင် အစွမ်းထုတ်မပြတတ်တဲ့ OG အနေနဲ့လည်း နောက်လာမယ့် tournaments တွေမှာ ဘယ်လိုတွေဆက်ကစားသွားမလဲနဲ့ လက်ရှိမှာ လက်စွမ်းတော်တော်ပြနေတဲ့ Virtus.pro ကလည်း သူတို့ရဲ့အကောင်းဆုံးပုံစံတစ်ခုကို ဆက်လက်ထိန်းထားနိုင်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

သတင်း အရင်းအမြစ်EPIC League tiwtter

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T