တောင်ကိုရီးယားနိုင်ငံက Dota 2 team တစ်ခုဖြစ်တဲ့ T1 က BTS Pro Series Season 4 ဝင်ရောက်ယှဉ်ပြိုင်မယ့် roster ကိုကြေညာခဲ့ပါတယ်။
T1 ကြေညာခဲ့တဲ့ roster ကတော့
Po 1 – JaCkky
Po 2 – Karl
Po 3 – Kuku (stand-in)
Po 4 – Xepher
Po 5 – Whitemoon (stand-in)
Coach - March
တို့ပဲဖြစ်ပါတယ်။
T1 အနေနဲ့ ဒီပြိုင်ပွဲမှာ အသင်းရဲ့ Po 3 player ဖြစ်သူ Sam_H နဲ့ po 5 player ဖြစ်သူ Poloson တို့မပါဝင်နိုင်တဲ့အတွက် သူတို့နေရာမှာ Kuku နဲ့ Whitemoon ကို stand-in အနေနဲ့ခေါ်ကစားခဲ့တာပဲဖြစ်ပါတယ်။
T1 အနေနဲ့ လက်ရှိမှာ အသင်းရဲ့ roster ကိုအားကောင်းစေဖို့အတွက် လက်တက် carry player JaCkky ကိုလည်း Motivate.Trust Gaming ကနေပြီးခဲ့တဲ့ရက်ပိုင်းကမှ ခေါ်ယူထားတာပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီ roster ထဲက Karl , Kuku , Xepher နဲ့ Whitemoon တို့ကလည်း Geek Fam မှာတုန်းက တစ်သင်းတည်းကစားခဲ့တဲ့ players တွေဆိုတော့ သူတို့ရဲ့ team work ပိုင်းက ပြောစရာမလိုအောင်ကောင်းမွန်ပြီးသားဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီလေးယောက်ရဲ့ JaCkky ရဲ့ရုံးအားက BTS Pro Series Season 4 မှာ T1 ကိုဘယ်အဆင့်ထိရောက်စေမလဲဆိုတာက စောင့်ကြည့်သွားရမှာပါပဲ။
သတင်း အရင်းအမြစ်៖ T1 Twitter