မိုးရာသီရောက်ပြီဆိုတာနဲ့ ဒူးရင်းသီးချစ်သူများ အနေနဲ့ ဒူးရင်းသီးစားကြရန် စောင့်မျှော်နေကြပါပြီ။ ယခုလို မိုးရာသီမှာ ရာသီပေါ် အသီးအနေနဲ့လည်း ဒူးရင်းသီးကို စားသုံးကြပါတယ်။ တစ်ချို့က ဒူးရင်းသီး အနံ့တောင် မခံနိုင်ပေမဲ့ တစ်ချို့ကတော့ အိမ်တောင်် မသယ်ဘဲ ဒူးရင်းသီးဆိုင်မှာတင်် ခွဲစား တတ်ကြပါတယ်။ အခုခေတ်စားနေတာက ဒူးရင်းသီးကို ပုံစံအမျိုးမျိုးဖြင့် မုန့်များ ပြုလုပ်ပြီး စားသုံးနေကြပါတယ်။ ဒူးရင်းသီး စားခြင်းဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးကျေးဇူးများ ရရှိနိုင်သလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁) ခွန်အားဖြစ်စေတယ်

၂) စိတ်ညစ်မှုတွေကို ပြေလျော့စေတယ်

၃) သွားနဲ့ အရိုးတွေကို သန်မာစေတယ်

၄) အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေတယ်

၅) အစာကြေလွယ်တယ်

၆) သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေကို ထိန်းညှိပေးတယ်

၇) သွေးဖိအားနှုန်း ကို ထိန်းညှိပေးတယ်

၈) ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်

၉) အိပ်မပျော်ဖြစ်ခြင်းမှ ကင်းဝေးစေတယ်

၁၀) ကိုလက်စထရော (cholesterol) ကို လျော့ချပေးတယ်

၁၁) သွေးအားနည်းလူနာများအတွက် သင့်တော်တယ်

၁၂) နှလုံးရောဂါမှလည်း ကာကွယ်ပေးတယ်

၁၃ ) စိတ်ခံစားမှုအား ကောင်းစေတယ်

ဒူးရင်းသီးကို စားသုံးခြင်းဖြင့် အကျိုးကျေးဇူးများသော်လည်း တစ်နေ့တွင် ၃လုံးထက်ပို၍ (သို့) အခြား အသီးများစားခြင်းထက် ၃ဆ ထက်ပို၍ မစားသုံးသင့်ပါ။ “တန်ဆေး၊ လွန်ဘေး” ဖြစ်သောကြောင့် သင့်တော်ရုံမျှ စားပြီး ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။