ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင် ဝင်းခန့်မိုး ကတော့ အကယ်ဒမီ ရွှေကြိုမှာ ဝင်ရောက်အားဖြည့်ရင်း နောက်ပိုင်းမှာ အနုပညာအလုပ်တွေ လုပ်ကိုင်လာတဲ့သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသလို နှုတ်ခမ်းနီမလေးတွေ ရဲ့ အားပေးဝန်းရံမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။ ဝင်းခန့်မိုးကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးဖြစ်တဲ့ အကယ်ဒမီ ချိုပြုံးရဲ့ မြေးလေးတစ်ယောက်လည်း ဖြစ်ပါတယ်။


ဖွားဖွားချိုပြုံးကလည်း မြေးလေးကိုအရမ်းချစ်ပြီး သူ့ရဲ့ အနုပညာအမွေတွေကိုပေးကာ ထူးချွန်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ပံ့ပိုးပေးတာတွေ့ရပါတယ်။ လတ်တလော ကိုဗစ်တိုက်ဖျက်ရေးအချိန်ကာလလေးမှာတော့ မြေးဖွားနှစ်ယောက်က tik tok လေးတွေ ဆော့ကစားပြီး အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း ဝင်းခန့်မိုး က ပရိသတ်တွေ ချစ်အားပိုလောက်မယ့် tik tok လေးကို တင်ပေးလာခဲ့ပါတယ်။


ဒီဗီဒီယိုလေးထဲမှာတော့ မြေးလေးဝင်းခန့်မိုးက ဖွားဖွားဖြစ်သူကို မျက်လုံးပိတ်ပြီး ကြိုက်ရာဖက်ရှင်လေးကို ရွေးခိုင်းကာ ဝတ်ဆင်ရတဲ့ ကစားနည်းလေးကို ပျော်ပျော်ပါးပါး ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယို လေးနဲ့လည်း ဝင်းခန့်မိုး က " ကျွန်တော့် အဖွား မမိုက်ဘူး လို့ မပြောနဲ့ဗျာ "ဆိုပြီး ရေးသားထားပါတယ်။ ကဲ..... ချစ်ပရိသတ်ကြီးလည်း ချိုပြုံးတို့ မြေးဖွားနှစ်ယောက်ရဲ့ tik tok ဗီဒီယိုလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။
သတင်းအရင်းမြစ်: Video Credit & Source - Win Khant Moe fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။