Players တွေအားလုံးနဲ့လမ်းခွဲပြီး Dota 2 scene ကနေပါထွက်ခွာသွားတဲ့ Ninjas in Pyjamas

//s9.kh1.co/7d/7dbb1094e89879e93e54f6651643f917f4e85afd.jpg
အားကစားသတင်းများ

 ၀၁-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

Photo credit - Ninjas in Pyjamas facebook page
Photo credit - Ninjas in Pyjamas facebook page

Europe region က esports organization တစ်ခုဖြစ်တဲ့ Ninjas in Pyjamas ကတော့ dota 2 team တစ်ခုလုံးကို organization နဲ့ လက်တွဲဖြုတ်ခွင့်ပေးလိုက်ပီ ဖြစ်ပြီး dota 2 scene ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အခုလိုလုပ်ရတဲ့အကြောင်းရင်းကတော့ အသင်းကလည်း ထင်သလောက်အောင်မြင်မှုမရသလို ငွေးကြေးအခက်အခဲတွေလည်း တဖြေးဖြေးများလာပြီး organization အတွက် အခက်အခဲတွေများလာတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Ninjas in Pyjamas ဟာ dota 2 ကနေ လုံးဝ ထွက်ခွာသွားတာမျိုးမဟုတ်ပဲ အခက်အခဲတွေ ပြန်လည်ပြေလည်လာရင်တော့ အသင်းသစ်ကို ပြန်လည်ဖွဲ့စည်းဖို့ ရှိနေပါတယ်။

Ninjas in Pyjamas လက်တွဲဖြုတ်ခဲ့တဲ့ Dota 2 roster ကတော့

Po 1-Charliedota

Po 2- Supream

Po 3- SabeRlight

Po 4- Era

Po 5- Misha

တို့ပဲ ဖြစ်ပါတယ်။

Ninjas in Pyjamas ကနေ ထွက်ခွာခဲ့ရတဲ့ players တွေကတော့ လက်ရှိမှာ EPIC League Division 2 ကိုဝင်ရောက်ယှဥ်ပြိုင်လျက်ရှိနေပြီး organization နဲ့ လက်တွဲဖြုတ်ခဲ့ပေမယ့် ပြိုင်ပွဲကိုတော့ ဆက်ပြိုင်သွားဦးမှာပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Ninjas in Pyjamas facebook page

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T