ပရိသတ်အချစ်တော်လေး သရုပ်ဆောင် ဖြူဖြူထွေးကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ် လျှောက်လှမ်းနေတာမို့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်နော်..။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ဖြူဖြူထွေးကတော့ ယခုလို Covid ကာလတွေမှာ ကြော်ငြာတွေကို ဆက်တိုက် လက်ခံ ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်..။

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

ရိုးသားကြိုးစားကာ ပွင့်လင်းပြီးချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကတော့ ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေသလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့လည်း ဖမ်းစားသူလေး ဖြစ်ပါတယ်နော်..။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အမြဲမျှဝေလေ့ရှိတဲ့ ဖြူဖြူထွေးကတော့ အခုတစ်ခါမှာလည်း ကြော်ငြာရိုက်ကူးရေးပြီးဆုံးချိန်တိုင်း ကန်တော့လေ့ရှိတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပါ။

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

ပါဝင်ရိုက်ကူးတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကို ဆန်၊ဆီ ငွေကြေးအစုံအလင်နဲ့ ကန်တော့လေ့ရှိတဲ့ သရုပ်ဆောင် ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေရင်ကို ထိမှန်သွားစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ...ပရိသတ်တွေကလည်း သရုပ်ဆောင် ဖြူဖြူထွေးရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.....။

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

Source & Photo credit - Phyu Phyu Htwe's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။