မင်းသမီးချောလေး မေတိုးခိုင်ကတော့ ပရိသတ်အချစ်တော် အူဝဲရဲ့တူမချောလေးဖြစ်တယ်ဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော် ။ အူဝဲနဲ့လည်းရုပ်ချင်းဆင်တဲ့ မေတိုးခိုင်က သရုပ်ဆောင်ပိုင်းမှာပါရမီပါသလို ကြိုးစားတတ်တဲ့စိတ်လည်းရှိတာကြောင့် ခဏလေးအတွင်းမှာ တင်အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် မေတိုးခိုင်က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီ ဖြစ်ပါတယ် ။

Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page

မေတိုးခိုင်က Photo Model အဖြစ် လုပ်ကိုင်ရတာကိုလည်း ဝါသနာပါတာကြောင့် အမြဲတမ်းလိုလို Photo Shooting လေးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ် ။ အသက်ငယ်ပေမယ့် ထက်မြက်တဲ့မေတိုးခိုင်က အဝတ်အစားဝတ်ဆင်တဲ့အခါမှာလည်း အမြဲဖက်ရှင်ကျနေတတ်သူလေးပါနော်။ အခုတော့ မေတိုးခိုင်က ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူမရဲ့အရင်ကပုံရိပ်လေးတွေကို ချပြလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page

မေတိုးခိုင်က "(၅)နှစ်အတွင်း ပြောင်းလဲမှု အရင်ကလည်းဖူး ခုလည်းဖူး UK ရောက်သွားတုန်းက ဝကစ်လေးဖြစ်သွားတယ်။ ဟိုက အစားတွေကြောင့်ရယ် Hyper Thyroid ဖြစ်သွားတာလည်းပါတယ်။ ပတ်ဝန်းကျင်ကတော့ စိတ်ပူပြီးပြောတာပေါ့နော် ဝိတ်နည်းနည်းချရမယ် အစားလျှော့စားပါဆိုပြီး။ ရန်ကုန်ပြန်ရောက်တော့ ပူတဲ့ရာသီဥတုကြောင့်ရယ် အလုပ်တွေကြောင့်ရယ် ပြန်ကျသွားခဲ့တယ်။ အဲ့တုန်းက ကိုယ့်ဟာကိုယ်တော့ တစ်ခါမှ စိတ်တိုင်းမကျဖြစ်ပြီး ငါအရမ်းဝနေတယ် ဝိတ်ချရမယ်ဆိုတဲ့ stress မရှိခဲ့ပေမဲ့ ဖူးအခု Work Out ပုံမှန်လုပ်ပြီး Healthy Meals စားဖြစ်လို့ ကျန်းမာပြီး နေထိုင်ကောင်းတဲ့ lifestyle လေးရထားတယ်။ ဖူးတော့ဘဝရဲ့ အဆိုးအကောင်း ပြောင်းလဲမှုတွေအားလုံးကို တန်ဖိုးထားတယ်။ ယူတတ်ရင် အားလုံးကသင်ခန်းစာတွေပဲ လို့လည်းခံယူထားတယ် "ဆိုပြီး ရေးသားမျှဝေပေးထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page

Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine-မေတိုးခိုင်" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။