Photo credit - Team Secret facebook page

နှစ်စဥ်နှစ်တိုင်း ပေးအပ်နေတဲ့ Esports Awards ဆုတွေအားလုံး ကြေညာပြီးနောက်မှာတော့ Team Secret dota 2 team ဟာ ဆုသုံးဆုတောင် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Team Secret ရရှိခဲ့တဲ့ဆုတွေကတော့

Best Esports Team of The Year

Best Coach of The Year

Best PC Player of The Year

ဆုတွေပဲဖြစ်ပါတယ်။

Best Esports Team of The Year ဆုကိုတော့ Team Secret dota 2 team ကရှိခဲ့တာပဲ ဖြစ်ပါတယ်။

Best Coach of The Year ဆုကိုတော့ team secret dota 2 team ရဲ့ coach ဖြစ်သူ Heen ရရှိခဲ့တာပါ။

နောက်ထပ်ဆုတစ်ဆုဖြစ်တဲ့ Best PC Player Of The Year ဆုကိုတော့ team secret dota 2 team ရဲ့ mid player "Nisha" ကရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ယခု 2020 ခုနှစ်အတွင်းမှာ ပြိုင်ပွဲတော်တော်များများမှာ champion ဖြစ်ထားပြီး အကောင်းဆုံး ပုံစံတစ်ခုကို ပြသထားနိုင်တဲ့ team secret dota 2 team အနေနဲ့ ဒီဆုတွေကို ရရှိတာ ထိုက်တန်တယ်လို့ ဆိုရမှာပါပဲ။

Source - Team Secret facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။