ခေတ်မှီဖွံဖြိုးတိုးတက်နေတဲ့ လူသားတွေနေထိုင်ရာ ကမ္ဘာမြေကြီးမှာဆိုရင် ယနေ့တိုင် ကိစ္စတိုင်းကို ဖြေရှင်းနိုင်စွမ်းမရှိသေးးပါဘူး။ ယနေ့ခေတ်လူသားတွေရဲ့ နည်းပညာတွေက ရှေးခေတ်အခါက လူတွေမသုံးစွဲတက်ကြသလို မသုံးစွဲနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့လဲ ရှေးခေတ်က လူတွေရဲ့ ပြုလုပ်ချက် လုပ်ဆောင်ချက်တွေကိုလဲ ယနေ့ခေတ်လူသားတွေ နားမလည်ကြတာတွေ အများကြီးရှိပါတယ်။ ဘယ်လိုပဲ စဉ်စားပါစေ ဖြစ်နိုင်ချေတွေရှိနိုင်ပေမဲ့ တိကျတဲ့ အဖြေကို မရကြသေးပါဘူး။ 

၁၉၈၄ ခုနှစ် Israel ကျွန်းဆွယ်မှာ တွေ့ရှိခဲ့တဲ့ အရာကတော့ Ruins of Atlit Yam ပဲဖြစ်ပါတယ်။ အဲ့အရာကတော့ ရှေးခေတ်လူမျိုးစု တစ်စုတို့ရဲရွာတစ်ရွာကဖြစ်ပြီး ရေအောက်ထဲမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့အရာကဘာလဲဆိုတာကို မသိရှိပေမဲ့အနီးအနားမှာတော့ လူသားအရိုးစုတွေကိုတွေ့ရှိခဲ့ကာ အမေနဲ့ကလေးတွေရဲ့အရိုးတွေကိုလဲ တွေ့ရှိရပါတယ်။ နောက်တစ်ခုကတော့ ပရီသတ်ကြီးလဲ သိကြမှာပါ....Rat Kings ဆိုတဲ့အရာကိုပေါ့။ 

ကြွက်တွေ အကုန်လုံးဟာ သူတို့ရဲ့အမှီးတွေကို ချိတ်ဆက်ပြီး သေဆုံးခဲ့ကြတာ ဒါအထူးအဆန်းပါပဲ။ အာ့နဲ့ပတ်သတ်ပြီး လူတွေကအမျိုးမျိးပြောကြပါတယ်။ ကြွက်တွေကလဲ အေးတဲ့ရာသီတွေမှာ သူတို့အမှီးကို ချိတ်ထားလေ့ရှိပါတယ်။ Antikythera Mechanism ဆိုတာကြီးိက ုလူတွေက ရှေးခေတ် ဂရိတွေရဲ့ ကွန်ပျူတာလို့ပြောကာ ဂြိုလ်သားတွေက ပေးခဲ့တာလို့ပြောကြပါတယ်။အဲ့လို ဂြိုလ်သားတွေနဲ့ဆက်စပ်ပြီးဆိုကတည်းက လူုတွေနားမလည်ကြတော့တာ ပုံမှန်ပါပဲ...။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။