ကြောင်တွေဆိုတာ လူတွေချစ်နှစ်သက်ကြတဲ့ အိမ်မွေးတိရစ္ဆာန် တွေဖြစ်ကြပါတယ်။ အရမ်းကိုလဲ ချစ်ဖို့ကောင်းသလို အသည်းယားဖို့လဲ ကောင်းပါတယ်။ သူတို့တွေနဲ့ပတ်သတ်တဲ့ Meme တွေနဲ့ Video တွေကိုလဲ ပရိသတ်ကြီး ကြည့်ဖူးကြမှာပါ။ ကြောင်တွေထဲမှာဆိုရင်လဲ ပုံမှန်မဟုတ်ပဲ မျိုးစပ်ထားတဲ့ ကြောင်တွေကို လူတော်တော်များများက ရင်နှီးကြမှာပါ။ ဒါပေမဲ့လဲ တချို့သော မျိုးစပ်ကြောင်တွေက လူတွေနဲ့မရင်းနှီးကြပါဘူး။ 

အဲ့လိုမျိုး ထူးခြားလှပပြီး ပုံမှန်ကြောင်မဟုတ်တဲ့ မျိုးစပ်ကြောင်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Cornish Rex ဆိုတဲ့ကြောင်ဟာဆိုရင်တော့ ကြီးမာတဲ့ နားရွက်တွေရှိပြီး အတွန့်အလိပ်တွေ ပါကာ ပိန်တဲ့ ကြောင်မျိုးဖြစ်ပါတယ်။ ပုံမှာတွေတဲ့အတိုင်းပါပဲ အဲ့လိုကြောင်မျိုးဟာဆိုရင် လူတွေရင်နှီးလေ့မရှိကာ ၁၉၅၀ခုနှစ်မှာ ပေါ်ထွက်လာတဲ့ ကြောင်မျိုးဖြစ်ပါတယ်။ Munchkin ဆိုတဲ့ကြောင်လေးကတော့ ပုတုတုလေးနဲ့ လုံးလုံးလေးဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ ကြောင်မျိုးလေးဖြစ်ပါတယ်။ သူတို့တွေရဲ့ ဦးနှောက်ကလဲ အရမ်းကောင်းမွန်ပြီး ပုံမှာတွေ့သလိုပါပဲ မွေးချင်စရာလေးပါ။ 

Sphynx ဆိုတဲ့ ကြောင်မျိုးကတော့ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးကြောင်မျိုးဖြစ်ပါတယ်။ သူတို့မှာ ဘာအမွှေးမှ မပါဝင်ပါဘူး...အသားရေသာရှိတယ်ကြောင်တွေပါ။ ပရိသတ်ကြီးလဲ အဲ့ကြောင်မျိုးကို ရင်နှီးမြင်ဖူးမှာပါ....ဒါပေမဲ့ သူတို့က ဖော်ရွေးတဲ့ ကြောင်မျိုးဖြစ်ပြီး လူတွေကို စွဲဆောင်နိုင်ပါတယ်။ Devon Rex ဆိုတဲ့ကြောင်မျိုးကတော့ Cornish Rex ကြောင်မျိုးနဲ့ဆင်တူပြီး သူတို့မှာတော့ ရှည်လျားတဲ့ လည်ပင်ရှိပါတယ်။ ၁၉၅၉ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ၁၉၇၉ ခုနှစ်ရောက်မှ မျိုးစပ်အကောင်အဖြစ် သတ်မတ်ခဲ့ပါတယ်။ Khao Manee ကတော့ ထိုင်းဇာတိဖြစ်ပြီး မတူညီတဲ့ မျက်လုံးနှစ်လုံးပါပါတယ်။ အဲ့လိုကြောင်မျိုးတွေဟာ ဘယ်တော့မှ တစ်လုံးနဲ့တစ်လုံးဘယ်တော့မှ မတူညီကြပါဘူး။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။