ကမ္ဘာကြီးဟာ ၁ရက်မျာ ပျက်စီးမယ်ဆိုတာကို ပရိသတ်ကြီး သိကြမှာပါ။ ခုအချိန်မဟုတ်ပေမဲ့ အချိန်မရွေးပျက်စီးနိုင်ပါတယ်။ သဘာဝကြီးကြောင့် ပျက်စီးတက်သလို လူတွေကြောင့်လဲ ပျက်စီးနိုင်ပါတယ်။ အခုလိုမျိုး ခေတ်မှီနေတဲ့နေ့ကြီးမှာ လူတွေဟာ အပြိုင်အဆိုင်ရှိနေကြပြီး တစ်ယောက်ထက်တစ်ယောက်သာချင်စမြဲပါ။ ဘယ်သူက အနာဂတ်ကိုသိမှာလဲ။ လူတွေစူးစမ်းလေ့လာမှုများပြီး Zombie တွေဖြစ်လာတာတို့ စစ်ပွဲတွေဖြစ်လာတာတို့ဆိုရင်တော့ ကမ္ဘာပျက်မှာပါပဲ။ 

Alex Mason ဆိုတဲ့ ကျောင်းသားလေးဟာဆိုရင် ပြီးခဲ့တဲ့ ၆နှစ်လုံးမှာ ခုလို ကမ္ဘာပျက်ကိန်းဆိုက်လာရင် အသက်ရှင် နေနိုင်ဖို့အတွက် ပြင်ဆင်ခဲ့ရတာကိုပြောပြခဲ့ပါတယ်။ အသက် ၁၇နှစ်ရှိပြီဖြစ်တဲ့ ကောင်လေးဟာဆိုရင် သူသွားလေးရာနေရာတိုင်းမှာ ရိက္ခာယူသွားလေ့ရှိပြီး ကမ္ဘာပျက်လာရင် ရှင်သန်ဖို့အတွက် ပစ္စည်းတွေကို အမြဲတမ်းယူဆောင်သွားလေ့ရှိပါတယ်။ အရေးပေါ်ပစ္စည်းတွေရော ဆေးဝါးတွေရော စသဖြင့် ယူယူသွားတက်ပါတယ်။ သူကိုဘာလို့ခုလိုမျိုးတွေ ကမ္ဘာကြီးက ပျက်မှာမို့ထင်နေရတာလဲဆိုပြီးမေးခဲ့ပါတယ်။ 

သူက " ကျွန်တော်တို့နေထိုင်ရာ ဒီကမ္ဘာကြီးကို မပြောသေးနဲ့အုန်း ပတ်ဝန်းကျင်ကိုပဲကြည့် မှားယွင်းနေတဲ့အရာတွေမှ အများကြီး....အဲ့လိုဆိုရင် ကမ္ဘာကြီး ပေါ်မှာရော ဘယ်လောက်တောင် မှားယွင်းနေတဲ့ အရာတွေရှိနေမလဲ....အရာအားလုံးကတော့ အဆင်ပြေနေပေမဲ့ ကျွန်တော်ကတော့ ကမ္ဘာပျက်လာရင် ကျွန်တော်ကိုကျွန်တော်နဲ့ မိသားစုကို ဘယ်လိုကာကွယ်ရလဲဆိုတာပဲတွေးနေပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးရော ကမ္ဘာပျက်လာရင် ဘယ်လိုလုပ်မှာလဲ.........။

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။


RELATED ARTICLES