ဖုန်းဆိုတာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေထဲကတစ်ခုဖြစ်တာကို ပရိသတ်ကြီးသိမှာပါ။ ဖုန်းဆိုတာ ပေါ်လာလို့လဲ လူတွေရဲ့ ဆက်သွယ်ရေးတွေ ဆက်ဆံရေးတွေ စသဖြင့်ပိုမိုအဆင်ပြေလာကြတာဖြစ်ပါတယ်။ တချို့ဆို ဖုန်းမသုံးရမနေနိုင်လောက်အောင်ရှိနေပါတယ်။ ဒါပေမဲ့ သင့်ရဲ့ဖုန်းက သင့်ကိုဖျက်စီးနေတယ်ဆိုတာကိုတော့ မသိပါဘူး။ ဖုန်းတွေကို အလွန်းအကျူးသုံးမိလာရင် သုံးတဲ့သူအတွက် ဘဝနဲ့ပတ်သတ်ပြီး အဆင်မပြေတာတွေ ဖြစ်လာတက်ပါတယ်။ 

ဘယ်လိုဆိုးကျိုးတွေလဲဆိုတော့ ဖုန်းကိုပဲ အသုံးပြုတာများလာရင် မိဘတွေနဲ့ ဝေးကွာလာတက်ပါတယ်။ ဖုန်းကို အသုံးပြုနေတဲ့ချိန် မိဘတွေက ခိုင်းတာတို့ ဘာတို့ဆိုရင် ထလုပ်မိတာရှားပါတယ်။ ပြီးတော့ အသက် ၈နှစ်ကနေ ၁၃နှစ်ကြားရှိ ကလေးတွေရဲ့ ၃၂ရာခိုင်နှုန်းဟာဆိုရင် ဖုန်းကို မိသားစုနဲ့ထမင်းစားနေချိန် စကားပြောချိန်စသဖြင့် အဲ့လိုအချိန်တွေမှာ ဖုန်းကိုပဲသုံးနေကြပါတယ်။ ဖုန်းသုံးတာများလာတဲ့အခါမှာ ပညာရေးတွေကို ထိခိုက်လာပါတယ်။ ဖုန်းပဲသုံးသုံးနေတော့ စာမလုပ်ချင်တော့ဘုူးလေ။ 

မှားယွင်းတဲ့ APP ကြောင့်လူတစ်ယောက်အသက်ကိုတောင်သေဆုံးစေနိုင်ပါတယ်။ တစ်ခါကလူတစ်ယောက်က အဲ့ App ကပြောပြတဲ့လမ်းအတိုင်းသွားခဲ့ကာ GPS အလွဲကြောင့် ရထားတိုက်သေဆုံးခဲ့ပါတယ်။ မြေပုံထဲမှာ ပြထားတဲ့အထဲမှာတော့ ရထားလမ်းအပြင် တခြားဘယ်နေရာနဲ့မတူပါဘူး။ ကိုယ်ပိုင်acc တွေက ကို့ယ့်ကို ဝမ်းနည်းမှုတွေ ပူဆွေမှုတွေနဲ့ စိတ်ဓာတ်ကျစရာတွေဖြစ်စပေါတယ်။ Conversation တွေမှာဆိုရင်လဲ ကိုယ့်ကိုထိခိုက်စေတဲ့ စကားတွေ အပြောခံခဲ့ရတက်ပါတယ်။ ပရိသတ်ကြီးလဲ သိမှာပါ...ဖုန်းဆိုတာ အသုံးများရင်ထိခိုက်စေတယ်ဆိုတာ။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။