Photo credit - ruggah twitter

OG ကတော့ CSGO team အတွက်လိုအပ်နေတဲ့ coach ကို လက်ရှိအချိန်မှာ ခေါ်ယူခဲ့ပြီပဲဖြစ်ပါတယ်။

OG ခေါ်ယူခဲ့တဲ့ coach ကတော့ 2008 ခုနှစ်လောက်ထဲကနေ CSGO နဲ့ အကျွမ်းတဝင်အသားကျနေတဲ့ player ကြီး ruggah ပဲဖြစ်ပါတယ်။

ruggah ကတော့ 2008 ခုနှစ်လောက်ထဲက Counter-Strike pro player ဖြစ်လာခဲ့တာဖြစ်ပြီး အသင်းတော်တော်များများမှာလည်း ကစားခဲ့ဖူးတဲ့ Players တစ်ယောက်ပဲဖြစ်ပါတယ်။

2016 ခုနှစ်မှာတော့ ruggah ဟာ ကစားသမားဘဝကနေ coach အဖြစ်သို့ကူးပြောင်းလာခဲ့ပြီး Team Dignaitas , North , OpTic Gaming တို့မှာ coach အဖြစ်တာဝန်ယူခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ruggah ဟာ OG CSGO team ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

Ruggah coach အဖြစ်တာဝန်ယူမယ့် OG CSGO Team ရဲ့ roster ကတော့

NBK

Aleksib

valde

ISSAA

mantuu တို့ပဲဖြစ်ပါတယ်။

Source - OG Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။