ငှက်ပျော်သီးကို ပုံမှန်စားသုံးခြင်းဖြင့် ကျန်းမားရေးအတွက် အထောက်အပံ့များစွာ ပေးနိုင်ပါတယ်။ တကူးတက အချိန်ပေးပြီး ကျန်းမာရေးဂရုစိုက်ဖို့ ယနေ့ခေတ်မှာ မဖြစ်နိုင်တော့လောက်အောင် အချိန်လုနေရပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာလည်း ငှက်ပျောသီးက ပါဝင်နေပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီး စားသုံးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးများစွာ ရရှိနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁) ငှက်ပျောသီးမှာ Tryptophan ပါဝင်မှု မြင့်မားတာကြောင့့် စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ် ကျဆင်းမှု လျော့နည်းစေပါတယ်။

၂) ပင်ပန်းတဲ့ အလုပ်တွေ မလုပ်မီ ငှက်ပျော်သီး နှစ်လုံး စားလိုက်ခြင်းဖြင့် အမောခံနိုင်မှုကို တာရှည်စွာ ထိန်းထားနိုင်ပါတယ်။

၃) ခန္ဓာကိုယ်ရှိ ကြွက်သားတွေကိုလည်း အထောက်အပ့ံ ပေးနိုင်ပါတယ်

၄) ငှက်ပျောသီးကို နေ့စဉ်စားသုံးပေးခြင်းဖြင့် သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။

၅) ငှက်ပျောသီးကို ပုုံမှန်မှန်စားရင် လေဖြတ်ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၆) ငှက်ပျောသီးက အမျှင်ဓာတ်များတာကြောင့် ဝမ်းချုပ်သူတွေအတွက် သင့်တော််ပါသည်။ ဝမ်းချုပ်လို့ ဖြစ်လာတဲ့ ရောဂါတွေ အပေါ်လည်း ငှက်ပျော်သီး ပုံမှန် စားသုံးခြင်းဖြင့် ကာကွယ်ပြီးသား ဖြစ်မှာပါ။

၇) အစာအိမ်လမ်းကြောင်းကိုလည်း ကောင်းမွန်စေပါတယ်။ ပုုံမှန် ရွှေ့လျားစေပါတယ်။

၈) ငှက်ပျောသီးမှာ သံဓာတ်ပါဝင်မှု များတောကြောင့် သွေးအားနည်းရောဂါအတွက်လည်း သင့်တော်ပါတယ်။

၉) နေ့စဉ် ငှက်ပျော်သီးပုံမှန်စားသုံးခြင်းဖြင့် အမြင်အာရုံကိုလည်း အားကောင်းစေပါတယ်။

၁၀) ငှက်ပျောသီးမှာ များစွာသော ပိုတက်စီယမ်ပါဝင်မှုကြောင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွေးလည်ပတ်မှု အားကောင်းစေပါတယ်။

၁၁) ငှက်ပျော်သီးက ခန္ဓာကိုယ်မှာရှိတဲ့ မလိုအပ်တတဲ့ အဆီတွေကို ကျစေပါတယ်။ ၀ိတ်ချသူများ အနေဖြင့်လည်း အစာအဖြစ် ငှက်ပျောသီးကို စားနိုင်ပါတယ်။

၁၂) ရင်ပူဝေဒနာ ရှိသူတွေ ငှက်ပျောသီး စားရင် ရင်ပူဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

(၁၃) ငှက်ပျောသီးကို ပုံမှန် စားပေးရင် ကျောက်ကပ်အားကောင်းစေပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဒြပ်ပေါင်း Phenolic ကြောင့် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

(၁၄) ဆေးလိပ်ဖြတ်သူတွေမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို မြန်မြန် ကောင်းအောင် ကူညီနိုင်ပါတယ်။ ဆေးလိပ်ဖြတ်သူတွေ အနေနဲ့လည်း သင့်တော်ပါတယ်။

၁၅) ငှက်ပျောသီးစားခြင်းက ခန္ဓာကိုယ် အပူချိန်ကို လျှော့ချနိုင်တာကြောင့် အဖျားတက်နေတဲ့ အချိန်တွေနဲ့ ပူအိုက်တဲ့ နေ့တွေမှာ စားသုံးဖို့ သင့်တော်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။