Photo credit - Adroit esports facebook page

ဖီလစ်ပိုင်နိုင်ငံက esports organization တစ်ခုဖြစ်တဲ့ Adroit Esports ကတော့ ပြီးခဲ့တဲ့ နာရီပိုင်းလောက်ကပဲ စိတ်မကောင်းစရာသတင်းတစ်ခုကို ကြေညာခဲ့ပါတယ်။

Adroit Esports ကြေညာခဲ့တာကတော့ သူတို့ရဲ့ dota 2 roster တစ်ခုလုံးနဲ့ အသင်းနဲ့ပတ်သတ်သမျှ သူတွေအကုန်လုံးကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီး organization တစ်ခုလုံးကို ရပ်ဆိုင်းခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။

Adroit Esports အနေနဲ့လည်း တစ်နှစ်ကျော်အတွင်းမှာ အသင်းငယ်လေးအဖြစ်ကနေ SEA ရဲ့ Tier 1 အသင်းတွေထဲပါအောင် ကျိုးစားနိုင်ခဲ့ပေမယ့် သူတိူ့ရဲ့ ဇာတ်လမ်းလေးက ဒီမှာပဲ တစ်ခန်းရပ်သွားခဲ့ပါပြီ။

ကြားထဲမှာ ပြသနာတွေ အခက်အခဲတွေ ဘယ်လောက်ရင်ဆိုင်ခဲ့ရလဲ သေချာမသိပေမယ့် အခုလိုပုံစံမျိုးနဲ့ နှုတ်ဆက်သွားရတာကတော့ စိတ်မကောင်းစရာပါပဲ။

Adroit Esports ထွက်ခွာခွင့်ပေးခဲ့သူ အကုန်လုံးကတော့

Po 1- Tino

Po 2- Mac

Po 3- Nikko

Po 4- Bommy

Po 5- cml

Botit (team manager)

Lane ( social media manager)

JL (analyst)

Khasim (Co-Manager)

တို့ပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည်ထွက်ပေါ်လာမလဲဆိုတာကို မသိရှိနိုင်ပေမယ့် Adroit ကိုတော့ ဒီအခြေအနေဆိုးတွေကို ကျော်လွှားနိုင်ပီး အမြန်ဆုံး ပြည်လည်ထွက်ပေါ်လာနိုင်စေဖို့ မျှော်လင့်ရမှာပါပဲ။

Source - Adroit esports facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။