မြန်မာ့ဂုဏ်ဆောင်ဖြစ်တဲ့ အောင်လအန်ဆန် ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ အောင်လအန်ဆန် ဟာ ၂၀၁၉ နှစ်ကနေစတင်ပြီး Onechampionship ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကောင်းတွေကို အနိုင်ယူ ယှဉ်ထိုးသတ်နိုင်တာကြောင့် Onechampionshipရဲ့ အကောင်းဆုံး ဖိုက်တာကစားသမား စာရင်းမှာပါဝင်ခဲ့သူပဲဖြစ်ပါတယ်။

photo credit: aung la nsang(burmese python) ' s facebook page
photo credit: aung la nsang(burmese python) ' s facebook page

အောက်တိုဘာလ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံမှာ ယှဥ်ပြိုင်ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်တဲ့ပွဲဲမှာ စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရိုင်နာဒီရစ်ဒါကို ပထမအချီမှာ နောက်ကျောချုပ်ကွက်နဲ့ အောင်လအန်ဆန်ဟာ ရှုံးနိမ့်ခဲ့ရပါတယ်။ အောင်လအန်ဆန်က ရှုံးနိမ့်ခဲ့ရတဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမယ်ဆိုတဲ့ အကြောင်းကိုလည်း မြန်မာ့ပရိသတ်တွေ ကတိပေးထားခဲ့ပါတယ်။

photo credit: aung la nsang(burmese python) ' s facebook page
photo credit: aung la nsang(burmese python) ' s facebook page

ယခုမှာလည်း အောင်လအန်ဆန်က သူ့ရဲ့ လူမှူကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေအတွက် ဗီဒီယိုတစ်ခု တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးကတော့ ရှုံးကြွေးပြန်ဆပ်နိုင်ဖို့အတွက် အကောင်းဆုံး ယှဥ်ပြိုင်ထိုးသတ်နိုင်အောင်ပြင်းပြင်းထန်ထန် နဲ့ လေ့ကျင့်ပြင်ဆင်နေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ကဲ...ပရိသတ်တွေလည်း အကောင်းဆုံးလေ့ကျင့်ပြင်ဆင်နေတဲ့ အောင်လအန်ဆန်ကို အားပေးစကားပြောပေးခဲ့ပါဦးနော်..။

photo credit: aung la nsang(burmese python) ' s facebook page

Video Crd & Source : aung la nsang(burmese python) ' s facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။