Khaledဟာဆိုရင် ယနေ့ချိန်မှာ တော်တော်ရေပန်းစား နေတဲ့ Hero တစ်‌ေယာက်ဖြစ်ပါတယ်။ MPL ပွဲမှာလဲ တော်တော်များများ အသုံးပြုသွားကြတာကို တွေ့ရှိရမှာပါ။  ပေါ်လာတဲ့အချိန်ကတည်းက ခုချိန်ထိ ရေပန်းစားတဲ့ Fighter တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ အောက်မှာဆိုရင်တော့ Spell တွေကို ရှင်းပြလိုက်ပါတယ်

Sand Walk ( Passive )

Khaleed လှုပ်ရှားနေချိန်မှာ အောက်ကအနီတန်းလေးဟာ တိုးပြီးရင်တိုးလာကာ ပြည့်တဲ့အခါကျရင် အောက်မှာ သဲတွေပေါ်လာပြီး လှုပ်ရှားနှုန်းဟာ ၂၅%တိုးပြီး Basic Attack ဟာလဲ Enhanced ဖြစ်သွားပါမယ်။ အဲ့အချိန်မှာ ခုတ်လိုက်ရင် သူဟာရန်သူကို သဲလှိုင်းနဲ့တိုက်ခိုက်ကာ နောက်က ရန်သူတွေကိုပါ Damage ထိစေမှာ ဖြစ်ပါတယ်။ အဲ့အပြင် သူတိုက်ခိုက်ပြီးတဲ့အခါ ရန်သူတွေဟာ ၂၅% နှေးသွားပြီး သူဟာ ၂၅% Movement Speed ရမှာဖြစ်ပါတယ်။

Desert Tornado ( First Skill )

Khaleed ဟာ ဒီ Skill ကိုသုံးတဲ့အခါမှာ သူရဲ့ဓါးကို ဝှေ့လိုက်မှာဖြစ်ပြီး ရန်သူကိုထိရင် နောက်တစ်ခါ သူ့ဘာသာသူ လှည့်နေမှာဖြစ်ကာ သုံးခါထိလှည့်နိုင်ပါတယ်။ လှည့်တဲ့အခါကျရင်လဲ ကိုယ့်အနေနဲ့ Direction ကိုပဲ ထိန်းချုပ်ပေးရမှာပါ။ ရန်သူကိုမထိရင်တော့ ရပ်သွားပါလိမ့်မယ်။ 250 / 310 / 370 / 430 / 490 / 550 (+120% Total Physical Attack) Physical Damage ပေးနိုင်ပြီး တစ်ချက်စီလှည့်ချက်တိုင်းက Damage 20% တိုးစေပါတယ်။ Minion နဲ့ Creep တွေကိုတော့ ၅၀% Damage ပိုထိပါတယ်။

Quicksand Guard ( Second Skill )

Skill 2 ကတော့ သူဟာ မြေကြီးပေါ်ကို ဒူးထောက်လိုက်ပြီး ဆုံးရှုံးသွားတဲ့သွေး % ကို Level အလိုက် ပြန်ဖြည့်မှာဖြစ်ပါတယ်။ သွေးဖြည့်နေတဲ့အချိန်မှာလဲ Damage Reduction ကို Level အလိုက်ရရှိနေမှာဖြစ်ပြီး အောက်ကအနီတန်းဖြစ်တဲ့ Desert Power ဟာလဲ 0.5 စက္ကန့်အတိုင်း 10 စီရနေမှာဖြစ်ပါတယ်။ အနားက Hero တွေကိုလဲ ၁၀% နှေးစေပါတယ်။

Raging Sandstorm ( Ultimate Skill )

သုံးလိုက်တဲ့အခါကျရင် Khaleed ဟာ Sandstorm ကိုသတ်မှတ်နေရာ စီးသွားမှာဖြစ်ပြီး Damage ပေးမှာဖြစ်ပါတယ်။ သွားရာလမ်းမှာ ရှိတဲ့ ရန်သူတွေက အနည်းငယ် အနောက်ကို Knock Up ဖြစ်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့နေရာကို ရောက်တဲ့အခါမှာတော့ သဲလှိုင်းကြီးဟာ ကျသွားမှာဖြစ်ပြီး မြေကြီးကိုလှုပ်ခတ်ကာ Damage လဲပေးသလို အဲ့နေရာက ရန်သူတွေကိုလဲ ၁စက္ကန့် Stun စေပါတယ်။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။