Photo from google

လက်ရှိ HellRaisers dota 2 team ရဲ့ captain & po 1 player Nix ရဲ့နာမည်အရင်းကတော့ Alexander Levin ဖြစ်ပြီး သူဟာ Russia နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1996 ခုနှစ် 11 လပိုင်း 12 ရက်နေ့ဖြစ်တာကြောင့် Nix ဟာ အသက် 23 နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Nix dota 2 pro teams တွေမှာ စတင်ကစားခဲ့တာကတော့ 2016 ခုနှစ် 4 လပိုင်း 26 ရက်နေ့ကဖြစ်ပြီး Enso မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

Enso မှာတော့ Nix ဟာ ရက်ပိုင်းလောက်သာကစားခဲ့ပြီး 2016 ခုနှစ် 5 လပိုင်း 20 ရက်နေ့မှာ Comanche ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာတော့ Nix ဟာ 2016 ခုနှစ် 8 လပိုင်း 22 ရက်နေ့ထိကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပြီး 2017 ခုနှစ် 5 လပိုင်း 27 ရက်နေ့မှာ M19 ကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။

M19 မှာတော့ Nix ဟာ 2017 ခုနှစ် 12 လပိုင်း 9 ရက်နေ့ထိ ကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် 2018 ခုနှစ် 2 လပိုင်း 4 ရက်နေ့မှာတော့ Nix ဟာ Team Empire ကိုပြောင်းရွှေ့လာခဲ့ပြီး ၎င်း Team မှာ 2018 ခုနှစ် 4 လပိုင်း လလယ်လောက်ထိကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

Team Empire ကထွက်ပြီးတာနဲ့ Nix ဟာ CoM18Anji ကိုချက်ခြင်းပြောင်းရွှေ့ခဲ့ပေမယ့်လည်း ရက်ပိုင်းလောက်သာကစားပြီး ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2018 ခုနှစ် 5 လပိုင်း 1 ရက်နေ့မှာတော့ Nix ဟာ ESPADA ကိုပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ် 9 လပိုင်းအထိကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် 2019 ခုနှစ် 9 လပိုင်း 24 ရက်နေ့မှာတော့ Nix ဟာ HellRaisers ကိုပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းအသင်းမှာကစားနေဆဲပဲဖြစ်ပါတယ်။

Nix ရဲ့ signature heros သုံးကောင်ကတော့ Amti Mage , Juggernaut နဲ့ Gyrocopter တို့ဖြစ်ပြီး ကစားသမားဘ၀ total earnings ကတော့ $29,071 USD ရှိနေပြီပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။