လူတိုင်းလူတိုင်းမှာ ကိုယ့်ရဲ့ idol တစ်ယောက်ယောက်နဲ့ လက်ထပ်ချင်မဲ့ စိတ်တွေရှိလောက်အောင် အားပေးကြမှာပါ။ အဲ့လိုမျိုး ကိုယ်တွေးထားသလို့ဖြစ်လာရင်လဲ အတိုင်းမသိဝမ်းမြောက်မိသွားကြပါတယ်။ ခုဆိုရင်လဲ ကမ္ဘာကျော်Cele တွေက သူတို့ရဲ့ပရိသတ်တွေနဲ့ ချစ်ကြိုက်ပြီး လက်ထပ်သွားတဲ့ သူတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ သူတို့ကိုကြည့်ပြီး ကိုယ် IDOL နဲ့ လက်ထပ်မဲ့ အခွင့်အရေးလေးတွေရှိမယ်လို့ထင်ပါတယ်။ 

1.John Travolta

Kelly Presto နဲ့ John Travolta တို့ဟာဆိုရင် Hollywood မှာပရိသတ်တွေအများဆုံး Vow ပေးကြတဲ့အတွဲဖြစ်ပါတယ်။ Kelly ဟာသူမအသက် ၁၆နှဏ်ကတည်းက John ရဲ့ Poster တွေကို နံရံအပြည့်ကပ်ထားလေ့ရှိပြီး ၁၃နှစ်အကြာမှာတော့ သူမဟာ မင်းသမီးတစ်ယောက် မော်ဒယ်တစ်ယောက်ဖြစ်လာပြီးနောက် သူရဲ့ crush ဖြစ်တဲ့ John နဲ့တွေ့ရှိခဲ့ပါတယ်။ အြ့ကတည်းကနေစပြီး သူမဟာ သူ့ကိုဘယ်တော့မှ လက်မလွှတ်တော့ပါဘူး။

2.Elvis Presley

Rock & Roll လောကရဲ့ဘုရင်ဖြစ်တဲ့ Elvis Presley ကို သူရဲ့သူငယ်ချင်းတစ်ယောက်က ၁၄နှစ်သာရှိသေးတဲ့ Priscilla နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ " ကျွန်မဘာပြောရမလဲကိုမသိတော့ဘူး စိတ်တွေရှုပ်ပြီး အရမ်းရှက်ခဲ့ပါတယ် " ဆိုပြီးသူမကပြောပြခဲ့ပါတယ်။ သူမ အသက် ၂၁နှစ်ရောက်တဲ့ချိန်မှာတော့ နှစ်ယောက်က လက်ထပ်ခဲ့ကြပါတယ်။

P

3.Anne Hathaway

Shulman ဟာဆိုရင် Anne ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး သူတို့နှစ်ယောက်ကို သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ခဲ့ကြပြီး ခုချိန်မှာတော့ ကလေးတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းလျက်ရှိပါတယ်။

4.Nicolas Cage

၂၀၀၄ ခုနှစ်မှာ မင်းသားဟာ အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့ Alice Kim ကိုစားသောက်ဆိုင်တစ်ဆိုင်မှာ ဝိတ်တာတစ်ယောက်အနေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၁နှစ်လောက် အိမ်ထောင်သက်တမ်းရှိပြီး သားတစ်ယောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့လဲ ခုချိန်မှာတော့ သူတို့နှစ်ယောက်က ကွဲသွားပြီဖြစ်ပါတယ်။

5.Matt Damon

မိန်းမဖြစ်သူ Luciana Barroso ကို မင်းသားဟာ Bar တစ်ခု Bartender တစ်ယောက်အဖြစ်တွေ့ခဲ့ကာ ၂၀၀၃ ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ၂၀၀၅ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး ကလေး၃ယောက်နဲ့အတူ ခုချိန်ထိ ပျော်ရွှင်စွာရှိနေတုန်းပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။