Eudora ဟာဆိုရင် ခုလက်ရှိ Meta ထဲမှာတော့ မပါဝင်ပေမယ့် Stun တွေတော့ကောင်းကောင်းပေးနိုင်ပါတယ်။ တစ်ကောင်ဆိုတစ်ကောင် အပြတ်ဖြတ်နိုင်တဲ့ Burst Damage အကြမ်းစား ပေးနိုင်တဲ့ Hero ဖြစ်ပါတယ်။ ဒါပေမယ့်လဲ Player တွေဟာ မကိုင်တော့ကြတဲ့အတွက် ပွဲတွေမှာတွေ့ရနည်းသွားပါတယ်။ Mobile Legends ရဲ့ Developer တွေဟာလဲ ခုချိန်မှာ Hero တွေကို Balanced ဖြစ်ဖို့အတွက် Hero တွေကို ပြုပြင်နေလျက်ရှိပါတယ်။ အောက်မှာတော့ Eudora Revamp အကြောင်း အနည်းငယ် ရှင်းပြထားပါတယ်။ 

Eudora ရဲ့ Passive ဖြစ်တဲ့ Super Conductor ဟာဆိုရင် အရင်လို ဘာမှမပြောင်းလဲပဲ Spell Damage ပိုမြင့်အောင် လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။ Eudora ရဲ့ First Skill ကတော့ အရင်လို Fan Shape ပုံစံနဲ့ပဲဖြစ်ပါတယ်။ တကယ်လို့သူမရဲ့ Passive Super Conductor သာရှိရင် Damage ပိုထိပါတယ်။ Skill 2 ကလဲ အရင်လို Stun ပေးတာဖြစ်ပေမယ့် Passive ရှိနေရင် ဘေးက ရန်သူ Hero တွေကိုပါ Stun ပေးပါတယ်။ အဲ့အပြင် Main Target ထက်ဆရင်တော့ Stun အချိန်နည်းပါတယ်။  

Ultimate ကတော့ အရင်လိုပဲဆိုပေမယ့် အပိုင်း ၂ ပိုင်းဖြစ်သွားပါပြီ။ Passive သာရှိရင် ပထမတစ်ချက်က ကိုယ့်ချိန်ထားတဲ့ Target ကို ထိပြီး နောက်တစ်ချက် အဲ့ဒီနေရာကိုပဲထပ်ပစ်မှာဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကိုတော့ ရန်သူက ရှောင်လို့ရပါတယ်။ Combo ကတော့ Skill 2 ပြီးရင် 1 သုံးကာ Ulti သုံးရတာပဲဖြစ်ပါတယ်။ Old Eudora ထက်ဆရင် Revamp Eudora ကတော့ Aoe Damage ရှိတာမို့ Teamfight မှာ ပိုအဆင်ပြေစေမှာဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။