မိန်းကလေးတိုင်းဟာ သူတို့ကို သူတို့မှသူတို့ချစ်တဲ့သူကိုပဲ လိုချင်နေကြတာများပါတယ်။ အဲ့လိုယောကျ်ားမျိုးကို ရရျိတဲ့သူတွေကလဲ သူတို့ကောင်လေးသူတို့ကို ဘယ်လောက်ချစ်ချစ် မသိတက်ကြပဲ ဆိုးနေလေ့ရှိတက်ပါတယ်။ ပြတ်သွားမှ အဲ့ကောင်လေးရဲ့ တန်ဖိုးကိုသိတက်ကြတဲ့ သူတွေလဲအများကြီးရှိပါတယ်။ အာ့ကြောင့် ကိုယ့်ကို အချစ်မလျော့တိုင်းချစ်တဲ့သူတွေနဲ့ ချစ်သူဖြစ်သွားရင် တန်ဖိုးထားပါ။ ခုဖော်ပြသွားမဲ့ဟာကတော့ အဲ့လိုမလျော့တိုင်းချစ်တက်တဲ့ ယောကျ်ားတွေရဲ့ လက္ခဏာ ကိုဖော်ပြသွားမှာဖြစ်ပါတယ်။ 

အလိမ်အညာမထားပဲ မှန်မှန်ကန်ကန် ဆက်ဆံရေးကို အလေးထားခြင်း

သင့်ကောင်လေးက သင့်အပေါ်ကို ဘာမှ အလိမ်အညာမရှိ မှန်မှန်ကန်ကန် ပြောဆိုလေ့ရှိပြီး သင့်အပေါ်ကိုလဲ မှန်မှန်ကန်ကန်ဆက်ဆံလေ့ရှိလျှင် သင့်ကိုသူတကယ်ချစ်ပါတယ်။ သင့်အတွက်အမြဲတမ်းရှိနေပြီး သင့်အနားမှာပဲ ရှိနေမှာပါ။ သင့်ကိစ္စတစ်ခုခုကြောင့် စိတ်ညစ်နေရင် သူကသင့်ကို မပြုံးပြုံးအောင် ပြုလုပ်မဲ့သူပါ။ 

ဘယ်ပြဿနာကိုမှ မရှောင်ခြင်း

သင့်ကိုတကယ်ချစ်တဲ့သူဟာ သင်နဲ့ပြဿနာတက်တဲ့အခါမှာ သူ့အနေနဲ့ မရှောင်ပဲ အဲ့တက်တဲ့ ပြဿနာကို ထိပ်တိုင်ရင်ဆိုင်နိုင်ပြီး အဆိုးတွေမဖြစ်အောင်ပဲ ပြုလုပ်ပြီး သင်နဲ့အဆင်ပြေစေမဲ့ ဖြေရှင်းနည်းကိုပဲ ရအောင်ပြုလုပ်တက်ပါတယ်။ သင့်အပေါ်ကို ဆိုးဆိုးရွားရွားတွေလဲဖြစ်အောင်မလုပ်ပဲ သူဘက်ကနေ တက်နေတဲ့ ပြဿနာကို အဆင်ပြေငြိမ်အေးစေမဲ့ အဖြေကိုပဲရှာနေတက်ပါတယ်။

အသေးအမွှားလေးကအစ ဂရုစိုက်ခြင်း

သူဘက်ကနေ သင့်ကိုမလျော့တိုင်း ချစ်ရင် သင့်ရဲ့ ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးကအစ ဂရုစိုက်တက်ပါတယ်။ သူအနေနဲ့လဲ အဲ့သေးသေးမွှားမွှားလေးကို လုပ်ပေးလိုက်ရလို့ ကျေနပ်နေသူပါ။ အသေးအမွှားတောင်လုပ်ပေးနေရင် ကျန်တဲ့ကြီးကြီးမားမားကိစ္စဆိုရင် ပြောစရာတောင်မလိုတော့ပါဘူး။

သင့်ရဲ့ ပြဿနာကို သူရဲ့ပြဿနာလိုသဘောထားပြီး ဂရုစိုက်ခြင်း

သင်နဲ့သာဆိုင်တဲ့ ပြဿနာကို သင်ကြောင့်တာဖြစ်တဲ့ ပြဿနာကို သူဘက်ကနေ သူရဲ့ပြဿနာလို တာဝန်ယူပြီး ဖြေရှင်းပေးတက်ပါတယ်။ ခုဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုဘယ်လိုလုပ်ပါဆိုပြီး သင့်ကို ပြောပြ အကြံပေးနေပါလိမ့်မယ်။ အဲ့လိုသူမျိုးကိုလဲ မိန်းကလေးတွေအနေနဲ့ နားလည်ပေးတက်ရပါမယ်။ ဘာလို့ဆို တချို့သော အမျိုးသမီးတွေက ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနေကြလို့ပါ။

သင့်အမှားပြုလုပ်တဲ့အခါ ရယ်နေတက်ခြင်း

သင့်ဘက်က ကြီးကြီးကျယ်ကျယ်လိုမျိုး အမှားမလုပ်မိပါက သူက ရယ်နေတက်ပါတယ်။ သူရယ်တယ်ဆိုတာကလဲ သင့်ကို ရွဲ့တာမဟုတ်ပဲ သူအနေနဲ့ " အဆင်ပြေပါတယ် ကလေးရယ် " ဆိုပြီးတွေးကာ ရယ်နေခြင်းဖြစ်ပါတယ်။ သင့်ကိုလဲ အမှားလုပ်မိလို့ စိတ်ထဲမလေးစေချင်ပဲ သက်သာစေချင်လို့ ရယ်ပြတာပါ။

သင်နဲ့အတူတူရှိနေချိန်မှာ သူဘက်ကနေ စိတ်ထဲမှာ သင့်ကို နာကျင်အောင် ထိခိုက်အောင် အပြုအမူမျိုးလုပ်မိမှာဆိုလို သူအတက်နိုင်ဆုံး အကောင်းဆုံး ပြုမှုနေထိုင်လေ့ရှိပါတယ်။ သင်လဲ တစ်ခုခု ထိခိုက်မိတဲ့အခါကျရင် အသည်းအသန်ဖြစ်နေတက်ပြီး ဂရုစိုက်နေပါလိမ့်မယ်။ ဘာလို့ဆို သူကသင့်ကိုချစ်လိုပါ...အဲ့လိုသူတွေက သင့်အပေါ် မလျော့တိုင်းချစ်ပြီး ဘာကြောင့်နဲ့မှ သင့်ကို စိတ်ညစ်မခံသူတွေပါ။ သူတို့နဲ့ချစ်သူတော်နေတဲ့သူတွေ တန်ဖိုးထားတက်ကြပါစေ။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။