ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အချစ်တွေကို ရရှိထားကြတဲ့ မင်းသားချောလေးဝိန်းဝေယံနဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကိုတော့ အားလုံးက ချစ်ခင်အားပေးကြပါတယ်နော်..။

သရုပ်ဆောင်ကောင်းကြတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ အတွဲညီညီနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားကြပြီး ပရိသတ်တွေရဲ့ရင်ထဲနေရာယူထားနိုင်ကြပါသေးတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Soe Pyae Thazin's Fb Page

တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက်နေကြသလို အခုတစ်ခါမှာလည်း ဟိန်းဝေယံတစ်ယောက် Live လွှင့်နေတဲ့ စိုးပြည့်လေးရဲ့ ပို့စ်အောက်မှာ Comment တွေ ပေးပြီး စနောက်နေပြန်ပါတယ်နော်..။

ပရိသတ်တွေနဲ့ စကားတွေ ပြောနေတဲ့ စိုးပြည့်လေးရဲ့ ပို့စ်အောက်မှာ နာမည်ခေါ်ပေးဖို့ ပြောရင်း စနောက်ထားတာဖြစ်ပြီး သူ့ရဲ့အပြောလေးကြောင့် စိုးပြည့်လေးကတော့ ပြန်ပြီး ရန်တွေ့လိုက်တာကိုလည်း ချစ်စဖွယ်လေး တွေ့မြင်ရမှာပါ..။

Photo Credit - & Hein Wai Yan's Fb Acc
Photo Credit - Hein Wai Yan's Fb Acc

live နေတဲ့ သူမရဲ့ ပို့စ်အောက်မှာ "အမ.. သားကိုနာမည်ခေါ်ပေးပါ" ဆိုပြီး စနောက်ကျီစယ်လိုက်တာဖြစ်ပြီး "ဘာအမတုန်း" ဆိုပြီး ပြန်ရန်တွေ့လိုက်တာမို့ ပရိသတ်တွေအားလုံးက သူတို့နှစ်ယောက်လုံးကို သဘောကျနေကြတာပါနော်..။

အဲ့ဒီလို စနောက်ပြီး ချစ်စရာကောင်းကြတဲ့ သူတို့နှစ်ယောက်ကို ပရိသတ်တွေကလည်း သဘောကျစွာနဲ့ လိုက်ဖက်ညီကြတဲ့အကြောင်းလေးတွေလည်း ပြန်လည်စနောက်ထားကြပါသေးတယ်နော်..။

Photo Credit - Soe Pyae Thazin's Fb Page
Photo Credit - Soe Pyae Thazin's Fb Page
https://www.facebook.com/watch/?v=347240666384931

Source & Photo Credit - Soe Pyae Thazin's Fb Page & Hein Wai Yan's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။