မြန်မာသံစဥ်တေးသီချင်းတွေကို နားဝင်ချိုအောင် သီဆိုနိုင်စွမ်းရှိသူကတော့ အဆိုတော် ဖိုးသောကြာပဲ ဖြစ်ပါတယ် ။ ဂီတနဲ့ပတ်သက်ရင် အင်မတန်ထူးချွန်တဲ့ ဖိုးသောကြာက သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိသူတစ်ယောက်ပါပဲနော်။ နှစ်ပေါင်းများစွာကြာအောင် အဆိုတော်၊သရုပ်ဆောင်အဖြစ် ရပ်တည်ခဲ့တဲ့ ဖိုးသောကြာက ချစ်ခင်အားပေးသူပရိသတ်တွေ အများအပြားကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Phoe Thauk Kyar's FB Acc
Photo Credit-Phoe Thauk Kyar's FB Acc
Photo Credit-Phoe Thauk Kyar's FB Acc

လက်ရှိမှာတော့ ဖိုးသောကြာက အိမ်ထောင်ကျပြီး ချစ်ရတဲ့ဇနီးချောလေးနဲ့အတူ ပျော်ရွှင်စရာဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ သမီးလေးနှစ်ယောက်ရရှိနေပြီဖြစ်တဲ့ ဖိုးသောကြာရဲ့ဘဝလေးကတော့ ကြည်နူးအားကျစရာကောင်းလောက်ပါတယ်နော်။ အခုလည်း ဖိုးသောကြာက အရမ်းလိမ္မာတဲ့သူ့ရဲ့သမီးလေးနဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Phoe Thauk Kyar's FB Acc
Photo Credit-Phoe Thauk Kyar's FB Acc
Photo Credit-Phoe Thauk Kyar's FB Acc

ဒီဗီဒီယိုလေးမှာတော့ ဖိုးသောကြာရဲ့သမီးငယ်လေးက သူ့ဖေဖေကို ဘုရားရှိခိုးဖို့ ဘုရားခန်းထဲအထိ မရမကလက်ဆွဲပြီး ခေါ်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အသက်ငယ်ငယ်လေးနဲ့တောင် ဘာသာရေးကိုင်းရှိုင်းပြီး လိမ္မာရေးခြားရှိတဲ့ ဖိုးသောကြာရဲ့သမီးလေးက အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ကြည့်မိသူတိုင်းအတွက် ပီတိဖြစ်စေနိုင်လောက်တဲ့ ဖိုးသောကြာတို့သားအဖရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phoe Thauk Kyar's FB Acc

Photo Credit-Phoe Thauk Kyar's FB Acc
Photo Credit-Phoe Thauk Kyar's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။