ကမ္ဘာအနှံ့မှာဆိုရင် ထူးခြားပြီး အံ့ဖွယ်ကောင်းတဲ့အိမ်အမျိုးမျိုးရှိပြီး Cele တွေရဲ့ အိမ်တချို့ဟာဆိုရင်လဲ ကြီးကျယ်ခမ်းနာကြပါတယ်။ တချို့အိမ်တွေဆိုရင် စိတ်ဝင်စားဖွယ်ကောင်းပြီး တချို့အိမ်တွေကျတော့ စဉ်းစားမရပါဘူး။ အိမ်ဆိုတာအမျိုးမျိုးရှိတာဖြစ်ပြီး ခုဖော်ပြမဲ့အိမ်ကတော့ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ အိမ်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Ground House At Texas, USA

အပြင်ကကြည့်ရင်တော့ ရိုးရိုးတန်းတန်း မြေကြီးလို့ပဲမြင်ရမှာပါ။ အထဲကနေကြည့်လိုက်တော့ ထင်သလိုမဟုတ်ပဲ နေချင်စွယ်အိမ်လေးတစ်လုံးကိုမြင်ရမှာဖြစ်ပြီး အိမ်နောက်ဖေးမှာဆိုရင် ရေကူးကန်အသေးလေးတောင် ပါလိုက်ပါသေးတယ်။ 

House Near The Pine Trees in Canada

အဝေးကပဲ ကြည့်မယ်ဖြစ်ဖြစ် ဘေးကနေကြည့်တာပဲဖြစ်ဖြစ် အိမ်ကို တွေ့နေရမှာမဟုတ်ပါဘူး....လှပတဲ့ သဘာဝနေရာကိုပဲ တွေ့ရှိရမှာပါ။ ဒါပေမဲ့ အိမ်ထဲကနေကြည့်လိုက်တဲ့အခါမှာ သာမန်ထက်ထူးခြားတဲ့ အိမ်လေးကိုတွေ့ရှိရပါတယ်။

Small House on Top Of The Roof, China

ဒီအိမ်လေးကတော့ တော်တော်နေလို့ကောင်းမဲ့ အိမ်ပါပဲ....တိုက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်လေးမို့ ပြောစရာ မလိုပါဘူး။ 

Canyon House in Utah

1986 ခုနှစ်တုန်း ချစ်သူနှစ်ယောက်ဟာ တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ နေရာမှာ နေချင်လို့ ဆောက်ထားတဲ့ အိမ်လေးပဲဖြစ်ပါတယ်။ 

A Villa In Switzerland

ဒီအိမ်ရဲ့နောက်ကအကြောင်းကတော့ အစက မြေအောက်မှာ ဆောက်ထားတဲ့ အိမ်တစ်အိမ်ပဲဖြစ်ကာ နောက်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်သူတွေက ဂူးထဲမှာပဲဆောက်လိုက်တဲ့ အိမ်လေးဖြစ်ပါတယ်။

Submarine Cliff House In Chile

အပေါ်က ကြည့်ရင်တော့ လှပတဲ့ ကမ်းခြေတစ်နေရာကိုပဲ တွေ့ရှိရပြီး အိမ်ရှိမှန်းတောင် သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘေးတစ်နေရာဖြစ်ဖြစ် အရှေ့ကဖြစ်ဖြစ်ကြည့်ရင်တောင် နေချင်ဖွယ်အိမ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မနက်တိုင်းမှာ နေဝင်တာကိုတွေ့ရှိရပါတယ်။

Beautiful House In Norway Near Lake Chalet

အိမ်လေးကတော့ အေးချမ်းပြီး နေလို့ကောင်းတဲ့ အိမ်လေးပါပဲ။ ကျောက်အကြားတွေ ဆောက်ထားပြီး လှပတဲ့အိမ်လေးပါ။

The Mirror Cube Hotel In Sweden

ဆောက်လုပ်သူတွေအနေနဲ့ သူတို့ဟာ တောထဲမှာ ခုလိုတွေဆောက်ဖို့ တော်တော်စဉ်းစားခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူတို့ဟာ တောထဲမှာ မှန်တွေနဲ့ပဲ အခုလို အိမ်တွေဆောက်ထားခဲ့ပါတယ်။ ငှက်တွေက မှန်ကိုမမြင်ရဘူးဆိုတော့ သူတို့အတွက်တော့ စိတ်မကောင်းစရာပါပဲ။

သတင်းအရင်းမြစ် List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။