Photo credit- liquipedia

CDA-FDC Professional Dota 2 Championship ပြိုင်ပွဲကတော့ လာမယ့် အောက်တိုဘာလ 22 ရက်နေ့ကနေ နိုဝင်ဘာလ 1 ရက်နေ့ထိ online tournaments အနေနဲ့ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာပေးအပ်သွားမယ့် total prize pool ကတော့ $89,582 USD ဖြစ်ပီး China region က dota 2 team စုစုပေါင်း 8 သင်းဝင်ရောက်ယှဥ်ပြိုင်ခွင့်ရမှာပဲ ဖြစ်ပါတယ်။

၄င်း 8 သင်းကတော့ direct invites ရရှိထားတဲ့ 6 သင်းနဲ့ qualifier ကတက်လာမယ့် 2 သင်းတို့ဖြစ်ပြီး direct invite ရရှိထားတဲ့အသင်းတွေထဲမှာ မကြာသေးခင်ကမှ ဖွဲ့စည်းထားတဲ့ အသင်းသစ် Elephant.4AM ပါပါဝင်လာခဲ့ပါတယ်။

Elephat.4AM ဟာ chinese super team ဆိုပီး နာမည်ကြီးနေတဲ့ အသင်းတစ်သင်းဖြစ်ပီး ဒီပြိုင်ပွဲဟာ အသင်းဖွဲ့စည်းပီးနောက် ပထမဆုံးဝင်ရောက်ယှဥ်ပြိုင်တဲ့ tournament လည်းဖြစ်ပါတယ်။

Elephant.4AM အနေနဲ့ ဒီပြိုင်ပွဲမှာ EHOME, Team Aster, Invictus Gaming, PSG.LGD, Royal Never Give Up အပြင် qualifier ကတက်လာမယ့် နှစ်သင်းတို့နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပီး 4AM ရဲ့ roater အရ တော်တော်လေးကြည့်လို့ကောင်းတဲ့ ပြိုင်ပွဲဖြစ်မှာအသေအချာပါပဲ။

Elephant.4AM ရဲ့ roster ကတော့

Po 1- Eurus

Po 2- Somnus'M

Po 3- Yang

Po 4- fy

Po 5- Redpanda

တို့ပဲဖြစ်ပါတယ်။

ဘော်ဒါတို့ရော ဒီပြိုင်ပွဲမှာ Elephant.4AM အခြေအနေကောင်းမယ်လို့ ထင်ကြလား.......

Source- liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။