ဖီလစ်ပိုင်နိုင်ငံသား dota 2 player "Abed" 11k MMR ကိုရောက်ရှိပီးနောက်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းအထိ 11K MMR ကိုရောက်ရှိတဲ့ player ခြောက်ယောက်အထိ ထွက်ပေါ်ခဲ့ပါတယ်။

၄င်း players တွေကတော့

Abed (EG)

23Savage (VG)

gpk

epileptick1d (Vp.prodigy)

Karl (032)

Cr1t (EG)

တို့ပဲဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း TNC ရဲ့ carry player ဖြစ်သူ ဖီလစ်ပိုင်နိုင်ငံသား Gabbi ဟာ 11K MMR ကိုရောက်ရှိလာတဲ့7 ယောက်မြောက် player ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာဆိုရင် ကျွန်တော်တို့ SEA region ကနေ 11K MMR ကိုရောက်ရှိတဲ့ players လေးယောက်တောင် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo credit - TNC Predator facebook page

ဒီကနေ့ မနက်ပိုင်းမှာဆိုရင်လည်း EG အသင်းရဲ့ carry player တောင်ပိုင်ကြီး Arteezy ကလည်း 11K MMR ကိုရောက်ရှိလာခဲ့ပါတယ်။

ဒါ့ကြောင့် လက်ရှိမှာဆိုရင် EG အနေနဲ့ 11K MMR players သုံးယောက်ကို ပိုင်ဆိုင်ထားတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

Photo credit - Arteezy twitter
Photo credit - Arteezy twitter

Source - TNC and Arteezy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။