လူသားတွေရဲ့ သမိုင်းထဲမှာဆိုရင် များစွာသော အထူးအဆန်းဖြစ်ရပ်တွေရယ် နောက်တစ်ခါထပ်ဖြစ်လာနိုင်ချေမရှိတဲ့ အခိုက်အတန့်တွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားလျက်ရှိပါတယ်။ တချို့ကတော့ Video ရိုက်ကူးထားလျက်ရှိကာ ဓာတ်ပုံနဲ့ Video ဆို Video ကပိုပြီ တိကျပါတယ်။ ဓာတ်ပုံတွေဟာ ပြုပြင်ပြောင်းလဲလို့ရတဲ့အတွက် ယုံကြည်ရဖို့ခတ်ပါတယ်။ အာ့တွေကြောင့် ယနေ့ခေတ်မှာ များစွာသော ပုံအတုတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ခုဆိုရင်လဲ လူတွေအစစ်လို့ထင်ခဲ့တဲ့ ပုံအချို့ကိုဖော်ပြသွားမှာပါ။ 

အမေရိကန်ပြည်ထောင်စုရဲ့ ၂၆ယောက်မြောက် သမ္မတတစ်ယောက်ဖြစ်တဲ့ သီအိုဒို ရုစဗဲ့ကို ပရိသတ်ကြီး အနေနဲ့သိရှိမယ်လို့ထင်ပါတယ်။ သူရဲ့ပုံတွေထဲက တစ်ပုံဖြစ်တဲ့ သမင်ကြီးတစ်ကောင်ကို စီးပြီး မြစ်ကိုဖြတ်နေတဲ့ ပုံဟာတကယ်တော့ အတုပါ။ ဘယ်သူမှ အဲ့သမင်ကို စီးလို့မရသလို သူလဲ စီးမရပါခဲ့ပါဘူး။ အဲ့ပုံဟာဆိုရင် ၁၉၁၂ခုနှစ်က ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပထမဆုံး အာကာသယဉ်မှုးအဖွဲတွေထဲက တစ်ဖွဲဖြစ်တဲ့သူတွေရဲ့ ပုံတွေထဲမှာ လူတစ်ယောက်ပျောက်နေတာကို တွေ့ရှိရမှာပါ။ 

သူဟာဆိုရင်လဲ Mar ကိုသွားတဲ့ထဲမှာပါဝင်ခဲ့ပေမဲ့ သူပုံကိုဖျောက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မူးရစ်နေခဲ့တဲ့အတွက် သူ့ကိုအလုပ်ဖြုတ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ သိပ်မကြာပါဘူး....သူဟာ သူကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်တုန်းက ဂျာမန်နိုင်ငံက သတင်းစာတစ်ခုမှာ အဆုတ်ရဲ့ပါဝါနဲ့ ပျံသန်းနိုင်တဲ့စက်ကို ထုတ်နိုင်ခဲ့ပြီးလို့ ပုံထဲသွင်းရေးသားခဲ့ကာ ကမ္ဘာက အံ့သြသင့်ခဲ့ပါတယ်။ ဒါပေမဲ့ လူတွေမသိခဲ့ကြတာက အဲ့သတင်းစာကို April Fool မှာထုတ်ဝေခဲ့တယ်ဆိုတာကိုပါ။ တခြားသော Fake Photo တွေကိုလဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းမြစ် Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။