ကမ္ဘာပေါ်မှာလူတွေထက် သစ္စာရှိတာ တိရစ္ဆာန်တွေဆိုတာကို လူသားတွေဟာ အသိအမှတ်ပြုကြမယ်လို့ ထင်ပါတယ်။ အံလိုတိရစ္ဆာန်တွေထဲကမှ ခွေးတွေဟာ သစ္စာအရှိဆုံးဖြစ်မယ်ထင်ပါတယ်။ ပရိသတ်ကြီးလဲ သတ်းတွေမှာ ခွေးတွေသူတိုရဲ့သခင်ကို ဘယ်လိုကယ်တယ်ဆိုတာတွေဘာတွေ ဖတ်ဖူးမှာပါ။ တချို့ခွေးတွေကြတော့ နာမည်ကြီးကြတယ်ဗျ....လူတွေနီးပါ နာမည်ကြီးတဲ့ ခွေးတွေလဲရှိပါတယ်။ အခုဆိုရင်နာမည်ကြီးတဲ့ ခွေးတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Jofi the Chow Chow လိုခေါ်တဲ့ခွေးလေးကတော့ စိုးရိမ်ထိန်းလန့်နေတဲ့ လူနာတွေကို ငြိမ်အေး စိတ်အေးစေပါတယ်။  

Laika The Space Dog လေးဟာဆိုရင် ပထမဆုံး ဂြိူလ်ပတ်လမ်းကိုရောက်ဖူးတဲ့ ခွေးလေဖြစ်ပြီး စိတ်မကောင်းစွာပဲ Russians တွေက ကမ္ဘာပေါ်ကို အဲ့လေယာဉ်ပြန်လာအောင်မလုပ်တတ်ကြပဲ အဲ့ခွေးလေးဟာ အာကာသထဲမှာပဲ သေဆုံးခဲ့ပါတယ်။ ခွေးမင်းသားလို့ခေါ်လိုရတဲ့ ခွေးလေး Rin Tin Tin က ပထမကမ္ဘာစစ် ဗုံကြဲကာလမှာ သူ့ပိုင်ရှင်မိသားစုတွေသေပြီး တစ်ကောင်ထဲကျန်ခဲ့ကာ ၁၉၂၀ အစောပိုင်းမှာ ရုပ်ရှင်တွေနဲ့ နာမည်ကြီးလာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာဆိုရင်တော့ Chips the War Dog လေးဟာ စစ်သား ၁၀ယောက်ကို တိုက်ပွဲတွေကြားထဲမှာ ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးခဲ့ရပါတယ်။  

Buddy Clinton ဆိုတဲ့ခွေးကတော့ သမ္မတ Bill Clinton ရဲ့ခွေးပဲဖြစ်ပြီး အဲ့ခွေးနာမည်ကြီးတာ စစ်ပွဲထဲကို Clinton ရဲကြောင် Socks နဲ့အတူ သွားခဲ့တာပါပဲ။ နောက်ဆုံးခွေးလေးကတော့ ပရိသတ်တွေရဲ့ မျက်ရည်ကို တစက်ချင်းစီကျရာကနေ ငိုပါငိုချလိုက်ချင်တဲ့ ဂျပန်နိုင်ငံက ခွေးလေးပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်......ခွေးလေး Hachiko ပဲဖြစ်ပါတယ်။ သူရဲ့ကားကိုကြည့်ဖူးတဲ့သူတိုင်း နောက်ဆုံးခန်းမှာ မျက်ရည်ကျစေမှာပါ။ အဲ့ခွေးလေးဟာ ပရော်ဖက်ဆာ Eizaburo Ueno ရဲ့ခွေးလေးပဲဖြစ်ပြီး Hachiko ဟာအမြဲလိုလို သူ့သခင်ကို ဘူတာရုံမှာ သွားစောင့်လေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ရက်မှာ သူသခင်ဟာ ဦးနှောက်ရောဂါတစ်ခုခုကြောင့် ပြန်မလာနိုင်ပဲ ဆေးရုံရောက်ကာ သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ခွေးလေး Hachiko ကမသိပဲ စောင့်နေရင်း စောင့်နေခဲ့ကာ ၁၉၃၅ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ ဂျပန်ကလူတွေဟာ သူတို့ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ဂုဏ်ရှိစွာ ရုပ်ထုတည်ဆောက်ခဲ့ပါတယ်။ 

သတင်းအရင်းမြစ် List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။