နှင်းဆီရင်ခွင်လူမှုကူညီရေးအသင်းကတော့ ပြည်သူချစ်အနုပညာရှင်တွေများစွာနဲ့ ဖွဲ့စည်းထားခဲ့တာပဲဖြစ်ပြီး အကူအညီလိုအပ်နေသူတွေကို တတ်နိုင်သလောက် လှူဒါန်းလေ့ရှိပါတယ်။နှင်းဆီးရင်ခွင်အဖွဲ့သားတွေမှာတော့ နေတိုး၊မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ် ၊ ရဲလေး၊ ထွန်းထွန်းတို့ ပါဝင်ကြတာပဲဖြစ်ပါတယ်။ နှင်းဆီလူမှုကူညီရေးအသင်းကတော့ ယခုမှာ အသက်ရှူစက်လိုအပ်တဲ့ QCenterတွေဆီကို အောက်စီဂျင်အသက်ရှူစက် ၁၅လုံးတိတိလှူဒါန်းခဲ့ပါတယ်။

Photo Credit :နှင်းဆီရင်ခွင်လူမူကူညီရေး 's facebook page
Photo Credit :နှင်းဆီရင်ခွင်လူမူကူညီရေး 's facebook page

နှင်းဆီလူမှုကူညီရေးအသင်းကတော့ "နှင်းဆီရင်ခွင်လူမှူကူညီရေး ဖောင်ဒေးရှင်းမှ.....အောက်ဆီဂျင် အသက်ရှူစက်များကို-အောင်မြင့်မိုရ်အိမ်ရာစခန်း Q Center သို့၅လုံး။YCC yangon Convention Center တွင်အသစ်ဖွင့်လှစ်ထားသော Q center သို့ ၅လုံး နှင့်Fortune Plaza တွင်ရှိသောQCenterသို့၅လုံးအသီးသီးဖြင့်စုစုပေါင်းအောက်စီဂျင်အသက်ရှူစက် ၁၅ လုံးတိတိလှူဒါန်းပါသည် " ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit :နှင်းဆီရင်ခွင်လူမူကူညီရေး 's facebook page
Photo Credit :နှင်းဆီရင်ခွင်လူမူကူညီရေး 's facebook page

နှင်းဆီလူမှုကူညီရေးအသင်းကတော့"အလှူတွင်ဝိုင်းဝန်းပါဝင်သောMytel နှင့်မာလာမြိုင်မြေသြဇာလုပ်ငန်းတို့အားလည်းကောင်း၊ Unplugged show ကိုအားပေးကြသူနှင်းဆီပရိတ်သတ်များအားလည်းကောင်းအထူးကျေးဇူးတင်ရှိပါကြောင်းနှင့်သာဓု ခေါ်ဆိုနိုင်ပါရန် ချစ်ခင်လေးမြတ်စွာကုသိုလ်မျှဝေအပ်ပါတယ်ခင်ဗျား "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် နှင်းဆီရင်ခွင်အဖွဲ့သားတွေရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :နှင်းဆီရင်ခွင်လူမူကူညီရေး 's facebook page 

Photo Credit :နှင်းဆီရင်ခွင်လူမူကူညီရေး 's facebook page
Photo Credit :နှင်းဆီရင်ခွင်လူမူကူညီရေး 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။