အဆိုတော် နီတာကတော့ တေးသီချင်းကောင်းတွေ အများအပြားဖန်တီးခဲ့သူဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဂီတလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။ ယနေ့အချိန်အထိတိုင်အောင် သူဝါသနာပါတဲ့ ဂီတအလုပ်တွေကိုလုပ်ကိုင်နေတဲ့ နီတာ့ကို ပရိသတ်တွေကလည်း အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ် ။ နီတာက ချစ်စရာကောင်းတဲ့သမီးချောလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Ni Tar Vocalist's FB Acc
Photo Credit-Ni Tar Vocalist's FB Acc
Photo Credit-Ni Tar Vocalist's FB Acc

စိတ်သဘောထားပြည့်ဝတဲ့ နီတာက ပြီးခဲ့တဲ့လကလည်း လူရွှင်တော်ဧရာ့ဆီကို ကိုယ်တိုင်ကြိတ်ထားတဲ့ပဲဆီနဲ့ စားဖွယ်စုံတွေ လက်ဆောင်သွားပေးခဲ့သေးတာ ဖြစ်ပါတယ် ။ ဒါ့အပြင် နီတာက ဦးဧရာရဲ့ထီဆိုင်လေးမှာ ထီလက်မှတ်တွေကို ဝယ်ယူအားပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ယခုအောက်တိုဘာလ (၁)ရက်နေ့ ထီဖွင့်ပွဲမှာတော့ နီတာတစ်ယောက် အောင်ဘာလေထီဆုတစ်ဆုကို ကံထူးသွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-လူရွှင်တော် ဧရာ's FB Acc
Photo Credit-Ni Tar Vocalist's FB Acc
Photo Credit-လူရွှင်တော် ဧရာ's FB Acc

ဒီအကြောင်းကို နီတာက "ကျန်ခဲ့တဲ့လက ဦးဧရာကို အားပေးချင်လို့ ထိုးခဲ့တဲ့ထီထဲက (၅) သောင်းဆုပေါက်တယ်လို့ ဖုန်းဆက်လာတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ " ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ နီတာကတော့အောက်တိုဘာလအစမှာပဲ ကံကောင်းခြင်းတွေကို ရရှိသွားတာ ဖြစ်ပါတယ်။ ကဲ လူရွှင်တော်ဧရာရဲ့ဆိုင်မှာ ဝယ်ယူအားပေးခဲ့တဲ့ ထီလက်မှတ်ကနေ ထီဆုတစ်ဆုကံထူးသွားတဲ့ အဆိုတော် နီတာရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Ni Tar Vocalist's FB Acc

Photo Credit-Ni Tar Vocalist's FB Acc
Photo Credit-Ni Tar Vocalist's FB Acc
Photo Credit-လူရွှင်တော် ဧရာ's FB Acc
Photo Credit-Ni Tar Vocalist's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။