ပရိသတ်ကြီးရေ.. စံထားရလောက်အောင် ပရဟိတအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတဲ့ ဦးကျော်သူကတော့ အခုလို Covid ကာလမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်နော်..။

သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုတွေ များစွာနဲ့ အကယ်ဒမီဆုတွေ ဆွတ်ခူးထားတဲ့ ဦးကျော်သူဟာ ပရဟိတအလုပ်တွေမှာလည်း လေးစားချီးကျူးရပြီး ပရိသတ်တွေပေးတဲ့ ဂုဏ်ထူးဆောင်မှုတွေကို ရရှထားသူပါပဲနော်..။

Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account

အခုတစ်ခါမှာလည်း ဦးကျော်သူတသ်ယောက် ချစ်ရတဲ့ဇနီးဖြစ်သူနဲ့အတူ ရပ်ကွက်အတွင်းမှာရှိတဲ့ ပြည်သူလုယူထုအတွက် နှစ်ရက်တိုင်တိုင် ဆန်တွေ ပေးဝေလှူဒါန်းခဲ့ပါတယ်နော်..။

လူထောင်ကျော်အတွက် ကိုယ်ပိုင်ချွေးနည်းစာလေးနဲ့ နှစ်ရက်တိုင်တိုင် ဆန်တွေလှူဒါန်းခဲ့တာဖြစ်ပြီး အပင်ပန်းခံကာ ဆန်တွေကိုလည်း ကိုယ်တိုင်ထုတ်ပိုးကုသိုလ်ယူခဲ့ကြတဲ့ပုံရိပ်လေးတွေကတော့ တကယ်ကို ကြည်နူးပီတိဖြစ်ရာ အလှူလေးပါပဲ..။

Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account

"ကျော်သူ + ရွှေဇီးကွက် ဆန်ဆိုင် မဖွင့်ပါ။

မနေ့က မရမ်းကုန်း(၅)ရပ်ကွက်မှာ ဆန်လှူတာလူဦးရေ(၆၀၀)လှူဒါန်းအပြီး ယနေ့ကျန်ရှိသော(၄၀၉)ယောက်အတွက် ကိုကျော်ထူးထံမှ ဆန်အိတ်ထပ်မံ၍ဆန်အိတ်ကြီး(၁၃)အိတ် ဝယ်ယူအားပေးခဲ့ပြီး ချက်ခြင်း တစ်ပြည်အိတ်များထည့်ကာ ကျန်ရှိသောပြည်သူလူထုတို့ကို လှူဒါန်းခဲ့ပါသည်။

စုစုပေါင်း လူဦးရေ(၁၀၀၀)ကျော်နှင့် ကုန်ကျငွေ(၁၅)သိန်းခန့်ဖြင့် အောင်မြင်စွာ အလှူအထမြောက်ခဲ့ပါပြီ။

အမျှ အမျှ အမျှယူတော်မူကြပါကုန်သော်.." ဆိုပြီး ကုသိုလ်အလှူလေးကို ဝေမျှထားတာပဲ ဖြစ်ပါတယ်..။

ကြည်နူးပီတိဖြစ်စရာကောင်းလွန်းတဲ့ ဦးကျော်သူတို့ရဲ့အလှူလေးကို ပရိသတ်တွေလည်း သဘောကျပီတိဖြစ်ကာ သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်..။

Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account
Photo Credit - Kyaw Thu's Fb Account

Source & Photo Credit - Kyaw Thu's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။