ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဆောင်းယွန်းက အကယ်ဒမီရွှေကြိုမှာ အားဖြည့်ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာနယ်ပယ်ထဲကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားတွေအနေနဲ့ ကြော်ငြာတွေအပြင် Music video တွေမှာလည်း ပါဝင်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

ဆောင်းယွန်းစံ က ကိုရီးမင်းသမီးလေးတစ်ယောက်လို ထင်မှတ်ရလောက်တဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူလေးပဲဖြစ်လို့ ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း အပြည့်အဝရရှိထားတာပါ။ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလလေးမှာလည်း သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းတဲ့ အလန်းစားပုံရိပ်လေးတွေကို အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ 

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

ယခုမှာလည်း သူမရဲ့ Tiktok account မှာ အမိုက်စားကကွက်ဆန်းလေးတွေနဲ့ ဆော့ကစားထားတဲ့ ဗီဒီယိုလေးနှစ်ခုကို တင်ပေးလာခဲ့ပါတယ်။ ကြည့်မိသူပရိသတ်တိုင်း ရယ်မောပျော်ရွှင်သွားရလောက်အောင် ဆော့ကစားထားတဲ့ ဆောင်းယွန်းစံရဲ့ Tiktok ဗီဒီယိုလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ဗီဒီယိုလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

Photo credit - Saung Yoon San's Facebook Account

Source & Video Credit - Saung Yoon San's Tiktok Account 

@saungyoonsan

I can't show

nhạc nền - Phan Thị Cẩm Hồng
@saungyoonsan

ကကွက်ဆန်းတွေ

CHROMANCE – Wrap Me In Plastic - МАРУСЯ НА СВЯЗИ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။