ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချော နန္ဒာလှိုင်ကတော့ ပရိသတ်အချစ်တွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားသလို အိမ်ထောင်ရေးကံကောင်းသူလေးအဖြစ် ပရိသတ်တွေအားကျရသူလေးပါပဲ..။

အလှဘုရင်မတစ်ပါးအဖြစ် ပရိသတ်တွေအသည်းစွဲချစ်ခဲ့ရတဲ့ သူမကတော့ ချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ကြည်နူးစရာမိသားစုဘဝပုံရိပ်လေးတွေကိုတော့ အမြဲမျှဝေပေးသူလေး ဖြစ်ပါတယ်နော်..။

Photo Credit - Zay Thiha's Fb Account
Photo Credit - Zay Thiha's Fb Account

အခုလို Stay Home ကာလလေးမှာ ပရိသတ်တွေအပျင်းလေးတွေပြေစေသလို စိတ်ညစ်စရာလေးတွေ ပြေပျောက်ကာ ပြုံးရယ်နိုင်စေဖို့ သူတို့ဇနီးမောင်နှံရဲ့ အမှတ်တရလေးတွေကိုလည်း နန္ဒာလှိုင်ရဲ့ ခင်ပွန်း ဦးဇေသီဟက ပြောပြလာပါတယ်နော်..။

နန္ဒာလှိုင်ဆီက အဖြေရမယ့်ညမှာ လွင်မိုးနဲ့ကုသိုလ်တို့ ဒုက္ခပေးလို့ ညီညီမောင်နဲ့ နှစ်ယောက်တည်း ဝိုင်အတူသောက်ခဲ့ရတဲ့ အမှတ်တရအခွီလေးတွေကို ပြောပြထားတာပါနော်..။

Photo Credit - Zay Thiha's Fb Account
Photo Credit - Nyi Nyi Maungs Fb Account

"ရည်းစားစကားပြောပြီး အဖြေရမယ်ထင်ခဲ့တဲ့ည အကြောင်းရေးချင်တာ စာရေးတာထက် ပါးစပ်က ပြောမှ ပိုပြီး နားထောင်ကောင်းတာ။

ပုဂံမြို့

ညဘက် ဝိုင်ပုလင်းနဲ့ ထမင်းစားရင်း ကြည်နူးရမဲ့ အချိန်ကို ကိုလွင်မိုးနဲ့ ကိုကုသိုလ် ဒုက္ခပေးသွားတာတွေ...

အခန်းရှေ့ ရောက်ပြီးသား ရိုမက်တစ်ဆန်ဆန် ဝိုင်စိမ်တဲ့ ခွက်ကြီးကို ကိုလွင်မိုးက တောင်းခိုင်းလိုက်လို့ဆိုပြီး ငွေဖလားကြီးနဲ့ လာလဲသွားတာတွေ...

အဲ့ဒီည အစီအစဉ်ပျက်ပြီး နန္ဒာက အခန်းထဲ အိပ်ပျော်သွားတဲ့အချိန်မှာ နန္ဒာ့ မိတ်ကပ်ဆရာ အခြောက်မနဲ့ ၂ ယောက်တည်း ဝိုင်စိမ်ထားတဲ့ ငွေဖလားကြီးကို ရှေ့ချပြီး ဝိုင်အတူသောက်ကာ လသာတဲ့ညကို ဖြတ်လိုက်ရတာတွေ...

အားလုံးက စာရေးတာထက် ပြောတာနားထောင်မှ ပိုကောင်းလို့ မရေးတော့ပါဘူး။

စာကြွင်း။ သုသု ဗိုက်က ကျွန်တော်နဲ့မဆိုင်ဘူးဆိုတာ ကြိမ်ပြီးပြောဆို ပြောပါ့မယ်။.." ဆိုပြီး အမှတ်တရလေးတွေကို ပြောပြထားတာပါ..။

ကဲ.. ပရိသတ်ကြီးလည်း အခုလို အိမ်မှာပဲ Stay Home နေရတဲ့အချိန်လေးမှာ စိတ်ပြေလက်ပျောက် အပျော်လေးတွေနဲ့ ပြုံးရယ်နိုင်ဖို့ အမှတ်တရလေးတွေ ပြောပြထားတာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Zay Thiha's Fb Account
Photo Credit - Nyi Nyi Maungs Fb Account

Source & Photo Credit - Zay Thiha's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။