ပြီးခဲ့တဲ့ 2019 ခုနှစ် နှစ်ကုန်ပိုင်းလောက်ထဲက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပျံ့ပွားခဲ့တဲ့ Corona Virus ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူတွေများစွာရှိနေပါပြီ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Corona Virus ကူးစက်ခံရသူဦးရေဟာ တနေ့တခြားမြင့်တက်လာနေသလို သေဆုံးသူတွေလည်း နေ့တိုင်းလိုလို ရှ်နေပါတယ်။

ဒီတစ်ခေါက်မှာဆိုရင်လည်း ပရိသတ်တွေကို Corona Virus ကြောင့် အသက်သေဆုံးသွားခဲ့ရတဲ့ အားကစားသမားတွေကို ဖော်ပြပေးချင်ပါတယ်။

Photo from google

1.Francisco Garcia

Francisco Garcia ကတော့ အသက် 21 နှစ်အရွယ်သာရှိသေးတဲ့ လူငယ် ဘောလုံးနည်းပြ တစ်ဦးပဲဖြစ်ပါတယ်။

သူဟာ စပိန်နိုင်ငံက Atletico Portada Alta အသင်းရဲ့ နည်းပြတစ်ဦးဖြစ်ပြီး ​Corona Virus ကူးစက်ခံရကာ ပြီးခဲ့တဲ့ March လ 17 ရက်နေ့က စပိန်နိုင်ငံ Malaga မှာဆုံးပါးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo from wikipedia

2.Luciano Federici

Luciano Federici ဟာ အီတလီနိုင်ငံသား ဘောလုံးသမားဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။

Luciano Federici ဟာ Corona Virus ကြောင့် ပြီးခဲ့တဲ့ March လ 17 ရက်နေ့က သူမွေးဖွားကြီးပြင်းရာ အီတလီနိုင်ငံ Carrara မြို့မှာပဲ ဆုံးပါးသွားခဲ့ပါပြီ။

သေဆုံးသွားချိန်မှာတော့ Luciano Federici ဟာ အသက် 81 နှစ်အရွယ်ရှိနေပါပြီ။

Photo from wikipedia

3.Innocenzo Donina

Innocenzo Donina ဟာလည်း အီတလီနိုင်ငံသား ဘောလုံးသမားဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။

သူမွေးဖွားကြီးပြင်းခဲ့တာကတော့ အီတလီနိုင်ငံ Piancogno မြို့မှာဖြစ်ပြီး Corona Virus ကြောင့်သေဆုံးသွားတာကတော့ Bergamo မြို့မှာပဲ ဖြစ်ပါတယ်။

သေဆုံးခဲ့ချိန်မှာတော့ Innocenzo Donina ဟာ အသက် 69 နှစ်အရွယ်ရှိနေပါပြီ။

Photo from google

4.Shobushi

Shobushi ကတော့ ဂျပန် ဆူမို နပန်းသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Shobushi ဟာ ပြီးခဲ့တဲ့ April လထဲမှာ Corona Virus ကူးစက်ခံခဲ့ရပြီး May လ 13 ရက်နေ့မှာ သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

သေဆုံးသွားချိန်မှာတော့ Shobushi ဟာ အသက် 28 နှစ်အရွယ်သာရှိပါသေးတယ်။

ယခုဖော်ပြပေးတဲ့သူတွေဟာ Corona Virus ကြောင့်သေဆုံးသွားတဲ့ အားကစားသမားတွေထဲက အနည်းငယ်မျှသာဖြစ်ပြီး နောက်ထပ် သေဆုံးသွားတဲ့ အားကစားသမားတွေ အများကြီးရှိပါသေးတယ်။

ပရိသတ်တွေလည်း ယခုလို Covid-19 ကာလမှာ အပြင်မထွက်ပဲ အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Source -outlookindia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။