မင်းသမီးချောလေးဖြူဖြူထွေးကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်တာကြောင့် အချိန်တိုအတွင်းမှာ ပရိသတ်တွေက လက်ခံအားပေးလာကြတာဖြစ်ပါတယ်။ဖြူဖြူထွေးက ကြော်ငြာတွေကိုလည်း သူမကိုယ်တိုင်ဇာတ်ညွှန်းရေးတာကြောင့် သရုပ်ဆောင်ပညာအပြင် ဇာတ်ညွှန်းမှာလည်း တော်ပါတယ်နော်။ဖြူဖြူထွေးက အနုပညာကြေးလေးတွေကိုလည်း စုဆောင်းတတ်တာကြောင့် မိဘနှစ်ပါးကိုအိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားနိုင်တာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook Account/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook Account/Amazing Grace

ဖြူဖြူထွေးက လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေရတာဖြစ်ပြီး ရရှိလာတဲ့အနုပညာကြေးတွေကိုလည်း အမြဲတမ်းလိုလို လှူဒါန်းနေတာဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့ စိတ်ရင်းစေတနာက အရမ်းဖြူစင်တာကြောင့် သူမကို ချစ်ခင်တဲ့သူတွေကလည်း ပေါများပါတယ်နော်။ဖြူဖြူထွေးက Tik Tok တွေကိုလည်းကစားတတ်ပြီး သူမရဲ့ဗီဒီယိုလေးတွေကို အမြဲမျှဝေနေကျဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook Account/Amazing Grace
Photo Credit:Phyu Phyu Htwe's Facebook Account/Amazing Grace

ဖြူဖြူထွေးရဲ့ Tik Tokလေးတွေကိုလည်း ပရိသတ်အများအပြားက ကြိုက်နှစ်သက်ကြလို့ အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖြူဖြူထွေးက ဟန်ဆောင်မှုကင်းမဲ့စွာနဲ့ အားရပါးရစားသောက်နေတဲ့ပုံလေးတွေကို စုစည်းပြီး Tik Tok ဗီဒီယိုကို ဖန်တီးနေတာဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့ ရိုးသားလွန်းတဲ့ပုံစံလေးကလည်း အရမ်းချစ်ဖို့ကောင်းတာကြောင့် ပရိသတ်ကြီးအတွက် သူမရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

Photo Credit:Phyu Phyu Htwe's Facebook Account

Source&Video Credit: Phyu Phyu Htwe's Facebook Mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။